စိတ်ကြွရူးသွပ်ဆေးပြားများ ထုပ်ပိုးသယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နိုဝင်ဘာ 17 2018 သာယာဝတီ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် စည်ပင်သာယာဈေး အတွင်းရှိ မြကလျှာရွှေဆိုင် နှင့် သင်္ဃန်းအရောင်းဆိုင်တွင် ၁၇-၁၁-၂၀၁၈ နေ့လည် ၁၁ နာရီခန့်က အမျိုးသမီးတစ်ဦးမှ သင်္ဃန်းလာရောက်ဝယ်ယူခဲ့ပြီး ညနေ ၃ နာရီ အချိန်တွင် ဆိုင်သို့ နောက်တခေါက် ပြန်လည် ရောက်ရှိလာပါသည်။

အဆိုပါအမျိုးသမီးက ၎င်းဝယ်ယူခဲ့သော သင်္ဃန်းအား ပါကင်ထုတ်ခိုင်းရာ ဆိုင်ရှင်မှ သင်္ဃန်းမှာ ပြောင်းပြန်ဖြစ်နေ၍ ပြန်လည်ပြင်ဆင်ရာမှ အမျိုးသမီး နှင့် ဆိုင်ရှင် တို့ အနည်းငယ် ရုန်းဆင်းဆန်ခတ်ဖြစ်နေချိန်တွင် အဆိုပါ သင်္ဃန်းခြင်းအတွင်းမှ WY စိတ်ကြွမူးယစ်ဆေး ပြားများ ထွက်ကျခဲ့၍ ဆိုင်ရှင်ဖြစ်သူမှ သက်ဆိုင်ရာ သို့ ဖုန်းဖြင့်ဆက်သွယ် သတင်းပေးခဲ့ကြောင်းသိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ မပိုးနှင်းဖြူ ဆိုသူ အမျိုးသမီးမှာ မူဆယ်မြို့တွင်နေထိုင်သူဖြစ်ကြောင်းသိရပြီး ၎င်းအား သာယာဝတီ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ကို​နေမျိုး.@sanmin

Loading...

Facebook Comments