ကိုယ်ဝန်ရလို့ ယူလိုက်တယ်လို့ ဝေဖန်ကြတဲ့အပေါ် ပြောလာတဲ့ ယွန်းဝတီလွင်မို

ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာချစ်စရာသားလေး တစ်ယောက်ဖြစ်တဲ့ Liam လေးနဲ့အတူ မိသားစုဘဝလေးကို ရရှိနေပြီဖြစ်ပါတယ်။ 2018 ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရုတ်တရက်ဆိုသလို လက်ထပ်ထိမ်းမြားခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေအမျိုးမျိုးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ယွန်းဝတီလွင်မိုးဟာ ငယ်ရွယ်လွန်းသေးတဲ့အတွက်ကြောင့် ပရိသတ်တွေကလည်း နှမြောတသဖြစ်ခဲ့ကြရပါတယ်။ ယခုလိုမျိုး ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျပြီး ကလေးရသွားပေမယ့် သူမရဲ့ ရင့်ကျက်မှုတွေကတော့အတိုင်းထက်အလွန် ရှိနေခဲ့ပါတယ်။

“ညီမပြောချင်တာက စိတ်ကရင့်ကျက်ဖို့လိုတယ်။ Ready ဖြစ်ဖို့လိုတယ်။ ညီမက ကိုယ်ဝန်မရခင် ၆ လလောက်တည်းက ယောက်ကျားနဲ့စေ့စပ်ထားတာ စေ့စပ်ထားတော့ အစတည်းက စိတ်ကို Ready ဖြစ်အောင်လုပ်ထားတယ်။ ရင့်ရင့်ကျက်ကျက်နေရတော့မယ်ဆိုတာ ဘာလို့လဲဆို အသက် ၂၀ လဲပြည့်ပြီ။ ခု ကလေးလည်းရှိတော့ ညီမ ပြောသလို အရာရာကလေးအတွက်စဉ်းစားတယ် အဲတော့ စိတ်က အလိုလိုရင့်ကျက်သွားတယ်။”

” ငယ်ငယ်တည်းက အမေ၊အဖေကလည်းဆုံးမတယ်။ ကိုယ်က ဘာပဲဖြတ်သန်းဖြတ်သန်း စိတ်ကောင်းကောင်းထားဖို့လိုတယ်။ စိတ်တည်ငြိမ်ဖို့လိုတယ်။ သူများတွေဘယ်လောက်ပဲ ကိုယ့်ကို စော်ကား၊ စော်ကား ဘယ်တော့မှပြန်ပြီးမစော်ကားနဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ စိတ်အေးအေးထား၊ သူများအပေါ် အကောင်းပဲမြင် အဲလိုမျိုးသင်ပေးထားတဲ့အတွက် ညီမအတွက် စိတ်ရင့်ကျက်သွားတယ်ဆိုတာ ငယ်ငယ်လေးတည်းက တဖြည်းဖြည်း ဖြစ်လာတဲ့ ကိစ္စပေါ့။”

သူမအနေနဲ့ ကလေးရရှိသွားတဲ့အချိန်မှာလည်း သူမထားရှိတဲ့ တာဝန်ယူမှုနဲ့ အမျိုးသားနဲ့တိုင်ပင်ပြီး မိသားစုတစ်ခုကို တည်ဆောက်ခဲ့ပုံလေးကို ယခုလိုပြောပြလာပါတယ်။

“ညီမ ကလေးရသွားပြီးတဲ့နောက် ညီမစိတ်ထဲမှာရော၊ ညီမ အမေအကုန်လုံးက ဗုဒ္ဓဘာသာတွေလေ။ အဲတော့ ညီမ ကလေးရသွားပြီဆိုတာနဲ့ ညီမရဲ့ Responsiblity ဖြစ်သွားပြီ။ ညီမ ဒီကလေးကိုမွေးမယ် ယောက်ကျားနဲ့ကလည်း စေ့စပ်ပြီးသွားတာ ၆ လလောက်ရှိပြီ။ အဲတော့ ယူလိုက်မယ်။ ဒါ ကိုယ်ဝန်ရလို့ ယူလိုက်တယ်လို့ လူတွေကပြောကြတယ်။ သို့သော် စေ့စပ်ထားတာ ၆ လရှိနေပြီ ဘာမှမဖြစ်ဘူး ယူလိုက်တယ် တကယ်ချစ်လို့ယူတာ။ လူတွေရှေ့မှာပဲယူတာမဟုတ်ဘူး တကယ်ချစ်လို့ ယူတယ် ကိုယ့်ယောက်ကျားနဲ့ကိုယ်လည်းသေချာဆွေးနွေးပြီးတော့ ကိုယ်ဝန်ရလာတည်းက မိသားစုလေးဖြစ်အောင်လုပ်မယ် တည်ဆောက်မယ် အလုပ်လုပ်မယ် ပိုက်ဆံရှာမယ် ညီမလည်းအစတည်းကပိုက်ဆံရှာတယ်။ ပိုက်ဆံရှာတော့ အခက်အခဲသိပ်မရှိဘူး ဒီကလေးကိုမွေးမယ်။ ဒီကလေးကိုမွေးဖို့ မဆုံးဖြတ်နိုင်ရင်သာ ညီမ အမှားဖြစ်မယ်။ ဘာလို့လဲဆို ညီမတာဝန်လေ အဲတော့ ညီမ မွေးဖို့ဆုံးဖြတ်လိုက်တယ်။” လို့ ဆယ်လီရပ်ကွက်မီဒီယာရဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

သူမတို့နှစ်ယောက်ကတော့ စောစောစီးစီး ကလေးယူလိုက်တဲ့အတွက်ကြောင့်မို့ အနာဂတ် Plan ဟာအခြားသူတွေနဲ့မတူညီဘူးလို့ဆိုပါတယ်။ ယခုလက်ရှိတက်ရောက်နေတဲ့ ကျောင်းကို နှစ်ဦးလုံးပြီးဆုံးအောင်တက်ရောက်မှာဖြစ်ပြီးတော့ စောစောစီးစီး ပိုက်ဆံရှာမယ်လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ ယခုတက်နေတဲ့ကျောင်းကို ပြီးဆုံးပါက သြစတြေးလျမှာ အလုပ်ဝင်လုပ်ဖြစ်မယ်လို့သိရပါတယ် ဒါမှမဟုတ်လည်း မြန်မာနိုင်ငံကိုပြန်လာပြီးတော့ သူတတ်ထားတဲ့ပညာရပ်နဲ့ အလုပ်လုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။ အခြေကျသွားပြီးပြီဆိုရင်တော့ သူမအနေနဲ့ သမီးလေးလိုချင်တာကြောင့် ကလေးနောက်တစ်ယောက်ထပ်ယူမယ်လို့ သိရပါတယ်။

Credit : We Love Cele

Loading...

Facebook Comments