ဒေါပုံမြို့နယ်တွင် ထရန်စဖော်မာပြင်နေသည့် လျှပ်စစ်ဝန်ထမ်းနှစ်ဦး ဓာတ်လိုက်သေဆုံး၊ယင်းကိစ္စ စုံခုံဖွဲ့စစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး ၊ဒေါပုံမြို့နယ်၊ ကျီစုရပ်ကွက်တွင်
ယနေ့ (နိုဝင်ဘာ ၁၇) နံနက်ပိုင်းက ထရန်စဖော်မာပြင်နေသည့် လျှပ်စစ်ဝန်ထမ်းနှစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စ စုံခုံဖွဲ့စစ်ဆေးနေကြောင်းသတင်းရရှိသည်။

“ဖြစ်စဉ်ကတော့ ဟုတ်တယ်။ ကလေး၂ယောက်စလုံးကတော့ ဆုံးသွားပြီ။ ကျွန်တော် တို့ဒီမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ဘာကြောင့်ဖြစ်သလဲဆိုတာ စုံခုံဖွဲ့စစ်ဆေးနေပါတယ်”ဟု ဒေါပုံမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မျိုးထွန်းက News Wach သို့ ပြောသည်။

စစ်ဆေးနေဆဲဖြစ်အခြေအနေဖြစ်၍လည်း ဖြစ်စဉ်သေးစိတ်ကို လတ်တလော မပြောဆိုနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

သေဆုံးသွားသည့် လျှပ်စစ်ဝန်ထမ်း ၃ဦးသည် ကျီစုရပ်ကွက်၊ အလင်းရောင်လမ်း၊ ၄လမ်းနှင့်၅လမ်းကြားရှိ ထရန်စဖော်မာပြင်နေစဉ်နှစ်ဦး ဓာတ်လိုက်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ်( ၁)လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ပြောသည်။

“ကျွန်တော်အဲဒီနေရာရောက်သွားတော့တယောက်က အခင်းဖြစ်တဲ့နေရာမှာ ပွဲချင်းပြီးပေါ့။တယောက်ကတော့ ဆေးရုံကို သယ်သွားတယ်။နောက် သိပ်မကြာခင်မှာပဲ လမ်းမှာပဲ ဆုံးသွားတယ်လို့ သိရတယ်”ဟု ၄င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ EPCပေါ့လျော့မှုးကြောင့် မသေသင့်ပဲ သေဆုံးရသည်ဟု၍ ဝေဖန်မှုများလည်းရှိနေသည်။

“ဒီနေ့မနက် ၇နာရီလောက်က မီးပြတ်သွားတယ်။ ၇ နာရီ ၂၀ မှာတော့ EPCမှဝန်ထမ်းလေးတွေ ရောက်လာတယ်။ဓါတ်တိုင်ပေါ်မှာ ၃ယောက်တက်ပြီး မိန်းကြိုးဆက်နေတာန်း ဓါတ်လိုက်ပြီး ယာက်စလုံး ၂ ပြုတ်ကျ လာတယ်။ အဲဒီ ၂ယောက်ထဲက ၁ ယောက်ကတော့ ပွဲချင်းပြီးပဲ။
ကျန်တယောက်ကတော့ဆေးရုံမှာ ဆုံးသွားတယ်လို့ သိရပါတယ်”ဟု ဒေါပုံမြို့နယ်နေထိုင်သူ တဦးကပြောသည် ။

လင်းလင်းအောင်
Photo -kyaw moe

Loading...

Facebook Comments