လင်မယားချင်း စကားများရန်ဖြစ်ပြီး သုံးလောင်းပြိုင် လူသတ်မှုဖြစ်

လင်မယားချင်းစကား များရန်ဖြစ်စဉ် ခင်ပွန်းက ဇနီးနှင့် ယောက္ခမနှစ်ဦးကို ဓားဖြင့် ခုတ်သတ်မှု မကွေးတိုင်း မြို့သစ်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြို့သစ်မြို့နယ် ပေကုန်း ကျေးရွာအုပ်စု ပေကုန်းကျေးရွာ နေ အသက်(၃၆)နှစ်အရွယ် အမျိုးသားသည် ယင်းနေ့ ည ၁၁ နာရီ ခန့်က အရက်သောက်ကာ အိမ်သို့ ပြန်ရောက်လာပြီး(၃၀)နှစ်အရွယ် ဇနီးနှင့် စကားများရန်ဖြစ်ခဲ့သည်။

စကားများ ရန်ဖြစ်သဖြင့် (၃၆) နှစ်အရွယ် အမျိုးသားက အရိုးအသွားနှစ်ပေခန့်ရှိ ဓားမဦးပြတ်နှင့် ခုတ်ခဲ့သဖြင့် ဇနီး၏လည်ပင်း၌ ဒဏ်ရာတစ်ချက်ရကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် စကားများရန်ဖြစ် သည်ကို တားမြစ်သည့် ယောက္ခ တော်စပ်သူများဖြစ်သော (၅၇)နှစ်အရွယ် အမျိုးသားနှင့် အမျိုး သမီးကို ဓားဖြင့် ထပ်ခုတ်သဖြင့် ဦးခေါင်းကွဲအက် ဒဏ်ရာများအ သီးသီးရရှိကာ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါဖြစ်စဉ်ကို အိမ်သို့ ရောက်နေသည့်(၃၂)နှစ် အရွယ် မရီးက တွေ့သဖြင့် ရဲစခန်းတွင် အမှုဖွင့်ပြီး အပိုင်နယ်မြေရဲစခန်းဖြစ်သည့် ဒန့်သလွန်ပင်နယ်မြေရဲတပ်ဖွဲ့က လူသတ်မှုဖြင့် အမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

Credit:7Day

Loading...

Facebook Comments