နန်းစုရတီစိုးရဲ့ လမ်းခွဲစကားအပေါ် ပြန်ပြီးဖြေရှင်းလိုက်တဲ့ G FATT

သရုပ်ဆောင် နန်းစုရတီစိုးနဲ့ G Fatt တို့ကတော့ ပရိသတ်တွေကို လှည့်စားလိုက်ပြန်ပါပြီနော်။ Relationship တစ်ခုကို တည်ဆောက်ထားကြတဲ့ နန်းစုရတီစိုးနဲ့ G Fatt တို့ဟာ မမနဲ့ မောင်လေးလို အချစ်ဇာတ်လမ်းတွေကို ပိုင်ဆိုင်ထားကြသူပါ။ မမဖြစ်နေပေမယ့် အလျှော့မပေးတတ်ဘူးလို့ မကြာခဏပြောလေ့ရှိတဲ့ နန်းစုရတီစိုးရဲ့စကားဟာ ဒီတစ်ခေါက်မှာတော့ ယုံကြည်ရတော့မှာပါ။

နန်းစုရတီစိုးက ဒီနေ့မှာတော့ သူမတို့နှစ်ယောက်ရဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သူမအကောင့်ကနေ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းကတော့သူမအပေါ်လိမ်ညာလို့ဖြစ်ကြောင်းနဲ့ဒီထက်ပိုပြီး ဆက်မမေးကြဖို့ မေတ္တာရပ်ခံထားပါသေးတယ်။ ပရိသတ်တွေက တကယ်ပဲ သူမတို့ အချစ်ရေးအဆုံးသတ်သွားပြီလားဆိုပြီး စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

သို့ပေမယ့် G Fatt ကတော့ ဒီကိစ္စကို ဖြေရှင်းလိုက်ပါတယ်။ နန်းစုရတီစိုးတစ်ယောက် စိတ်ကောက်ပြီး တင်လိုက်တာဖြစ်တဲ့အကြောင်းကို ပြောပြထားတာပါ။ “တကယ်မဟုတ်ဘူးဝေ့ စိတ်ဆိုးပြီးလျောက်တင်တာ” လို့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးအဆုံးမသတ်ကြောင်း ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

ကဲ ခုဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးမှာ G Fatt က နန်းစုလေးကို မနိုင်ဘူးဆိုတာ သက်သေပြလိုက်တာပဲနော်။ G Fatt တစ်ယောက် ချစ်သူကို ဘယ်လောက်တောင် စိတ်ဆိုးအောင်လုပ်ထားလဲတော့ Admin လည်းမပြောတတ်တော့ပါဘူး။ သူတို့နှစ်ယောက်ရဲ့ပရိသတ်တွေလည်း သူတို့အချစ်ရေးပြန်ပြီးအဆင်ပြေသွားပြီမို့ စိတ်မပူကြပါနဲ့တော့နော်။We Love Cele

Photos-G Fatt

Loading...

Facebook Comments