လူသိနည်းသေးတဲ့ သရက်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ…

ဆီးချိုရောဂါနဲ့ပတ်သက်လို့ အထူးကောင်းမွန်တယ်

သရက်ရွက်ဟာ ဆီးချိုရောဂါနဲ့ပတ်သက်လို့ အရမ်းအသုံးဝင်ပါတယ်တဲ့။သရက်ရွက်မှာ anthocyanidins ဆိုတဲ့ plant pigments တွေပါဝင်နေပါတယ်။Sugar-free ဖြစ်လို့သရက်ရွက်ကို ရေဖန်ခွက်တစ်ခွက်ထဲမှာ တစ်ညလုံးစိမ်ထားပြီး မနက်သောက်ပေးမယ်ဆိုရင် ဆီးချိုကြောင့်ဖြစ်တဲ့ဝေဒနာလက္ခဏာတွေလျော့ပါးစေပါတယ်။ဒါ့အပြင် သရက်ရွက်က diabetic angiopathy နဲ့ diabetic retinopathy စတဲ့ဆီးချိုအမျိုးအစားတွေအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။

သွေးဖိအားလျော့ကျစေတယ်

သရက်ရွက်ဟာ သွေးဖိအားလျော့ကျစေသလို သွေးကြောတွေကိုသန်မာလာစေပြီး သွေးကြောနဲ့ပတ်သက်လို့ ခြေထောက်ပိုင်းတစ်ဝိုက်အဖြစ်များတဲ့ သွေးကြောထုံးတာ၊သွေးကြောတွန့်လိပ်တာစတဲ့ သွေးကြောပြဿနာတွေကိုပါဖြေရှင်းပေးနိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်မှုတွေလျော့ပါးစေတယ်

အလုပ်ပင်ပန်းတာများတဲ့အခါ အနားယူရတဲ့ရက်မှာလည်း အပြည့်အ၀မနားရသလို အားအင်တွေကုန်ခမ်းနေတတ်ပါတယ်။အဲ့ဒီအခါမျိုးမှာသရက်ရွက်က ဆေးတစ်လက်ပါပဲ။သရက်ရွက်နဲ့လုပ်ထားတဲ့ဆေးလက်ဖက်ရည် ၂ခွက်လောက် ရေချိုးကန်ထဲထည့်ပြီးစိမ်ချိုးမယ်ဆိုရင် ပင်ပန်း
နွမ်းနယ်မှုတွေပျောက်လို့ ခန္ဓာကိုယ်ကို ပြန်ပြီးလန်းဆန်းလာစေပါတယ်။

နားကိုက်ဝေဒနာအတွက် ဆေး

နားကိုက်တဲ့ဝေဒနာက တော်တော်ဆိုးပါတယ်နော်။တကယ်လို့များကိုယ်တိုင်ဖြစ်စေ တစ်ယောက်ယောက်ဖြစ်စေ နားကိုက်ဝေဒနာခံစားနေရတယ်ဆိုရင် သရက်ရွက်ကို မြန်မြန်ခူးလိုက်ပါ။သရက်ရွက်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာအရည်ရအောင်ကြိတ်ချေညစ်ပြီး နည်းနည်းအပူပေးပါ။အတန်အသင့်နွေးလာပြီဆိုရင် နားထဲကိုအစက်ချပေးပါ။သက်သာသွားပါလိမ့်မယ်။

အပူလောင်ဒဏ်ရာအတွက် သဘာဝကုသဆေး

အပူလောင်ဒဏ်ရာ၊အရည်ကြည်ဖုစတဲ့အရေပြားပြဿနာတွေအတွက် သရက်ရွက်လက်တစ်ဆုပ်စာကို ပြာမှုန့်အဖြစ်ပြောင်းလဲပြီး ဒဏ်ရာပေါ်မှာအုံပေးပါ။အဲ့ဒီလိုလုပ်ပေးတာက အရေပြားကိုမြန်ဆန်စွာပြန်လည်ကောင်းမွန်လာစေပါတယ်။သရက်ရွက်ကိုရေစင်စင်ဆေးဖို့လည်းမမေ့နဲ့နော်

ကြို့ထိုးတာနဲ့လည်ချောင်းဝေဒနာများကို သက်သာစေတယ်

ကြို့အရမ်းထိုးနေတာမျိုး၊လည်ချောင်းနာတယ်၊ချွဲကျပ်နေတယ်ဆိုရင် သရက်ရွက်အနည်းငယ်ကို မီးရှို့ပြီး အဲ့ဒီအငွေ့တွေကို ရှုရှိုက်ပေးပါ။အဲ့ဒါက ဝေဒနာကိုလျော့ပါးသက်သာစေပါတယ်တဲ့။

အစာအိမ်ပြဿနာအတွက်

သရက်ရွက်အနည်းငယ်ကို ရေနွေးထဲထည့်ပြီး တစ်ညလုံးအဖုံးပိတ်ထည့်ထားပါ။နောက်တစ်နေ့ ဘာမှမစားရသေးခင် အရွက်တွေစစ်ပြီးသောက်ပါ။ဒါက အစာအိမ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးအစာအိမ်ကိုသန့်ရှင်းစေပါတယ်။

သရက်ရွက်က အမြဲတမ်းမြင်တွေ့နေရတာဖြစ်လို့ အကျိုးရှိရှိအသုံးချဖို့မမေ့နဲ့နော်

Credit: Trend

Loading...

Facebook Comments