ဦးကျော်ကျော်ထွန်းရဲ့ အင်တာဗျူးဖြေကြားချက်အပေါ် စိုးမြတ်နန္ဒာတုံ့ပြန်ပြောပြီ

သရုပ်ဆောင် စိုးမြတ်နန္ဒာက ဂုဏ်သိက္ခာကျဆင်းစေတဲ့အတွက် ဦးကျော်ကျော်ထွန်းကို နစ်နာကြေး သိန်း တစ်သောင်းခွဲ တောင်းဆိုထားတာဖြစ်ပါတယ်။ လက်ရှိမှာ အမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းတွေကို နှစ်ဦးလုံးတက်ရောက်နေကြတာဖြစ်ပါတယ်။

သရုပ်ဆောင်စိုးသူက ငွေကျပ် သိန်း ၇၅၀ ကျော်မှာတတိယအရစ် ပေးသွင်းရန် ကျန်ရှိနေမှုနဲ့ သတင်းစာထဲ ထည့်သွင်းကြော်ငြာရာမှ ယခုလိုမျိုးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဦးကျော်ကျော်ထွန်းက ပေါ်ပြူလာဂျာနယ်ရဲ့အင်တာဗျူးမှာ စိုးမြတ်နန္ဒာအနေနဲ့ စိုးသူနှင့်စာချုပ်ချုပ်ဆိုတဲ့အချိန်တုန်းက အသိသက်သေအဖြစ် လက်မှတ်ထိုးထားခဲ့တာကို ဝန်ခံသွားပြီဖြစ်တဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် သူမတောင်းဆိုတဲ့ နစ်နာကြေး သိန်း တစ်သောင်းခွဲဟာလည်း သူမဆန္ဒသာဖြစ်ပြီး အမှန်တရားကိုတော့ တရားရုံးကသာ ဆုံးဖြတ်သွားမှာလို့ ဆိုထားပါတယ်။

ဒီအင်တာဗျူးဖြေကြားချက်နဲ့ပတ်သက်ပြီး စိုးမြတ်နန္ဒာက “ကိုယ့်ကို ဝန်ခံတယ် ဆိုပဲ😂😂😂 ဘာမှနားမလည်တာ အဲ့ဒီမှာ ပေါ်တာပဲ.. ကြောက်ချီးပါပြီး ဟန်မဆောင်နိုင်အောင် ပြာယာခတ်နေရတာလေး ထည့်ပြောပါဦး 😂😂😂😂

သူများတွေဆီက ငွေနဲ့ အသက်ဆက် , သူဋ္ဌေးဂိုက်ဖမ်းပြီး ညဆို နှလုံးဆေးသောက် သေမှာနေ့တိုင်း ကြောက်နေရတဲ့ ရှင်ရက်နဲ့ ငရဲကျနေတာလေး ထည့်ပြောနော် .. ဘာမှအဖက်လုပ်သိပ်မပြောချင်လို့မပြောတာ အကောင်းထင်မနေနဲ့ .. ”

“အဖက်လုပ်ပြောရင် ဆယ်လီ ဖြစ်ချင်တဲ့ နင့်ကို ပံ့ပိုးမိသလိုဖြစ်မှာစိုးလို့ 😂😂စိတ်ဆိုတာ ရုပ်မှာပေါ်တယ်ဆိုတာလေးလဲ နင်ရော နင့်လူတွေရော သတိကပ်ထားခိုင်း .. နင်လုပ်ချင်သလိုလုပ်လို့ရတဲ့အထဲ ငါမပါဘူး.. ဘာတဲ့ သဘောရိုး နဲ့ လုပ်လိုက်တာပါတဲ့ ..နင့် ကို သိတဲ့ လူ ၁၀၀ မှာ အယောက် ၁၀၀ လုံး အဲဒီစကားကြားရင် ဟားတိုက် ရီလိမ့်မယ် သိလား 😂😂

သဘောရိုး ဟုတ်လား မဟုတ်လား ဆက်ကြည့်ကြတာပေါ့.. 😆( ⚠️လူတွေကိုညာနေလို့ ဒေါသထွက်မိတဲ့ခဏ..တကယ်တော့ ဒီလိုလူတွေအတွက်ကိုယ့်စိတ်တွေအဖဲ့မခံတာ အတော်ကြာပြီ .

ကိုယ့်ဆီလာတဲ့သူတွေကိုလဲ စိတ်ချမ်းသာစရာတွေပဲ ပြောချင်တာ..ဒီနေ့အတွက်ခွင့်လွှတ်ကြပါလို့ 💓)”လို့ တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

Credit :We Love Cele

Loading...

Facebook Comments