နတ်တလင်းဖျော်ဖြေပွဲစီစဉ်သူ မဖြေရှင်းပေးပါက အမှုဖွင့်မည်ဟု သားငယ်ရှင်း

နတ်တလင်းဖျော်ဖြေပွဲ ကျင်းပသူများဘက်မှ ပျက်စီးခဲ့ သည့်စက်ပစ္စည်းများကို လျော် ကြေးမပေးပါက တရားဥပဒေအ တိုင်းဆက်လက်ဆောင်ရွက်မည် ဟု အဆိုတော်သားငယ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေး သားထားသည်။‘‘စက်ပစ္စည်းဖိုးတွေကို ပွဲစီ စဉ်သူတွေအနေနဲ့ အလျော်ပေး ရင်တော့ အမှုဖွင့်တာတွေ၊ ဘာ တွေကို နည်းနည်းစဉ်းစားပေးလို့ ရတယ်။ အဲဒီအတိုင်းမှမဟုတ်ရင် တရားဥပဒေနဲ့အမှုဖွင့်ပြီး အလုပ် လုပ်ရမှာပေါ့။ သိန်းနှစ်ရာ၊ သုံး ရာ ကျွန်တော်တို့လည်း ချမ်းသာ တဲ့သူမဟုတ်တော့ လျော်ဖို့က ခက်တယ်။ သူတို့မှာ လက်မှတ် ရောင်းထားတာတွေလည်း အ များကြီးရှိတယ်။ စက်အဖွဲ့က ဆုံး ရှုံးသွားတာတွေက မနည်းဘူး။ နတ်တလင်းက ရယကဥက္ကဋ္ဌကို လည်း ဒါလေးကိုဖြစ်အောင်လုပ် ပေးပါဆိုပြီး အနူးအညွတ်တောင်း ပန်ထားတယ်’’ ဟု သားငယ်က ၎င်း၏ Zaw Min Htun အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နိုဝင် ဘာ ၁၁ ရက်က ရေးသားထား သည်။ နိုဝင်ဘာ ၁၀ ရက်ညက နတ်တလင်းမြို့၌ နာမည်ကြီးအ ဆိုတော်များပါဝင်မည့်ဖျော်ဖြေ ပွဲ ပျက်ခဲ့သောကြောင့် လာရောက် ကြည့်ရှုသည့်ပွဲကြည့်ပရိသတ်အ ချို့က ဖျော်ဖြေပွဲစင်မြင့်ပေါ်ရှိ စက်ပစ္စည်းများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းဖျော်ဖြေပွဲစီစဉ်သူက ၎င်း၏အစ်ကိုနှင့်ရင်းနှီးသူဖြစ် သောကြောင့် ဖျော်ဖြေပွဲတွင် ပါဝင်မည့် အဆိုတော်များကို လည်း သားငယ်ကတာဝန်ခံ၍ ငှားရမ်းပေးခဲ့ပြီး ဖျော်ဖြေပွဲတွင် အသုံးပြုမည့်စက်များ အဆင် မပြေသောကြောင့် ရန်ကုန်မြို့ရှိ ၎င်းနှင့်ရင်းနှီးသူတစ်ဦးထံမှ စက် များ ငှားရမ်းခဲ့ကြောင်း သား ငယ်က ယင်း Live တွင်ပြောကြား ထားသည်။

ထို့အပြင် ဖျော်ဖြေပွဲကျင်းပ သည့်ရက်တွင် ၎င်းအပါအ၀င် ဖျော်ဖြေပွဲပါဝင်သည့်အဆိုတော် များအားလုံး နတ်တလင်းမြို့သို့ ရောက်ရှိသော်လည်း ဖျော်ဖြေပွဲ မစတင်မီအချိန်ထိ အနုပညာ ကြေးများပေးရန်ပျက်ကွက်ခဲ့သ လို ဖျော်ဖြေပွဲတွင် သီဆိုရန်လည်း တာဝန်ယူဆောင်ရွက်ပေးမည့်သူ မရှိသောကြောင့် ၎င်းတို့အနေ ဖြင့် မဆိုဖြစ်ခဲ့ခြင်းဖြစ်သည်ဟု သားငယ်က ပြောကြားထား သည်။

‘‘ကိုအောင်မိုးဆီကို ပျက်စီး သွားတဲ့စက်တွေပြန်ရောက်သွား ပြီ။ ပျက်စီးဆုံးရှုံးမှုက အနည်းဆုံး သိန်းနှစ်ရာရှိတယ်။ ကိုအောင်မိုး ကလည်း ကျွန်တော့်အစ်ကိုရင်း တစ်ယောက်လိုပဲ။ ရှစ်သိန်းနဲ့ တောင်ငှားခဲ့တာ’’ ဟု စက်ပစ္စည်း ဆုံးရှုံးမှုများနှင့်ပတ်သက်၍ သား ငယ်က ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၁၁ ရက် တွင် မန္တလေးမြို့၌ ပွဲလက်ခံထား သောကြောင့် ယင်းနေရာမှ မန္တ လေးသို့ သွားခဲ့ရခြင်းဖြစ်ကြောင်း သားငယ်က ပြောသည်။ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ယင်းပွဲကို သားငယ်စီစဉ်သည်ဆိုကာ ပြော ဆိုမှုများရှိနေသောကြောင့် Live တင်၍အဖြစ်မှန်ကို ပြောခဲ့ခြင်း ဖြစ်ပြီး ပစ္စည်းဆုံးရှုံးခဲ့သူများ အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း သားငယ်က ပြောကြား သည်။

Credit :www.7daydaily.com

Loading...

Facebook Comments