ယောက်ျားဖြစ်သူဆိုတဲ့ သီချင်း ကို လှလှပပ သရုပ်ဖော်ခဲ့တဲ့ ရွှေမှုံရတီ

ဝေဖန်တိုက်ခိုက်မှုတွေ၊ နှိမ့်ချထိုးနှက်မှုတွေ ကြားက သတ္တိရှိရှိနဲ့ ချစ်သူလက်ကိုဆွဲပြီး ဘ၀ကို ကိုယ်တိုင်ပုံဖော်ကြတော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်တွေက အရမ်းကို ကြည်နူးပျော်ရွှင်စရာကောင်းလှပါတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး လွတ်လပ်ပျော်ရွှင်မှု၊ အားကျကြည်နူးစရာကောင်းတဲ့ ချစ်သူဘ၀မှာ ခဏတာသာပျော်ရွှင်ခဲ့ကြပေမယ့် သူတို့နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ပြီး မခွဲနိုင်တော့တာကြောင့် လက်ထပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ Pre Wedding ပုံရိပ်တွေကို ကြည့်ချင်းအားဖြင့်လဲ သူတို့နှစ်ဦး ဘယ်လောက်ထိ ချစ်ကြတယ်ဆိုတာကို သိရှိနိုင်မှာပါ။

မင်္ဂလာဦးဆွမ်းကျွေးအလှူမှာလဲ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်းနဲ့ သူတို့နှစ်ယောက်ရဲ့ တူညီကြတဲ့ အချက်တွေကို သတင်းမီဒီသမားတွေကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် ပုံရိပ်တွေမှာလဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတဲ့ မျက်ဝန်းတွေက ကြည်နူးစရာကောင်းလှပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးမှာ နှစ်ဖက်မိဘတွေက စိတ်ဆိုးနေတာကြောင့် ရောက်ရှိလာခဲ့ခြင်းမရှိကြဘဲ သူတို့နှစ်ဦးရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့သာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် နိုဝင်​ဘာလ (၁၁)ရက်​​နေ့ ညပိုင်း မှာလဲ Inya Lake Hotel(အင်းယားလိတ်​ဟိုတယ်​)မှာ ချစ်​ခင်​ရတဲ့ မိတ်​​ဆွေ​တွေနဲ့အတူ မင်္ဂလာ ညစာစားပွဲ ကိုကျင်းပပြုလုပ်​ခဲ့ပါတယ်။ အဆို​တော်​ ရွှေထူးနဲ့ သရုပ်​​ဆောင်​ ရွှေမှုံရတီတို့ဟာ အဆိုပါ ဧည့်ခံပွဲမှာ အရမ်းကိုကြည်နူးပျော်ရွှင်ခဲ့ကြပြီး အနုပညာအသိုင်းအ၀ိုင်းမှ လုပ်ဖော်ကိုင်ဖက်တစ်ချို့လဲ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ မင်္ဂလာဆောင်မှာ ရွှေထူးက သူ့သီချင်းတွေနဲ့ ပရိတ်သတ်ကို ဖျော်ဖြေခဲ့ပြီး ရွှေမှုံရတီကလဲ သီချင်းကို အသက်ဝင်အောင် သရုပ်ဖော်ပေးခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ ဖျော်ဖြေမှုတွေနဲ့ ဗီဒီယိုဖိုင် လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်သောမျက်စိနဲ့ ကြည့်ပေးလိုက်ကြပါနော်။ သူတို့နှစ်ယောက်ရဲ့ အချစ်တွေက ကြည့်တက်ရင် အရမ်းကြည်နူးစရာကောင်းပါတယ်။ ဝေဖန်နေကြမယ့် အစား ချစ်ပေးလိုက်ကြရအောင်နော်။

KKK(momolay)
Source – Eaintchitchaw’s fb


Loading...

Facebook Comments