ငယ်စဉ်က တစ်တုတ်နေတဲ့ သမီးငယ်လေးရဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တဲ့ စမိုင်းလ်

စမိုင်းလ်တို့မိသားစုလေးဟာ  ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ မိသားစုလေးဖြစ်တဲ့အပြင် သူမတို့ရဲ့ ပျော်ပျော်ရွှင်ရွှင်ခရီးတွေထွက်ကြတဲ့ ပုံရိပ်လေးတွေဟာလည်း ပျော်ရွှင်မှုအပြည့်နဲ့ပီတိလေးတွေဖြစ်ခဲ့ရပါတယ်။ အခက်အခဲတွေနဲ့ ဘဝကို ဖြတ်သန်းခဲ့ပြီးမှ ယခုလို အနေအထားကို ရောက်ခဲ့တာကြောင့် မိသားစုတွေ တစ်ဦးနဲ့ တစ်ဦးနွေးထွေးစွာ ဆက်ဆံတတ်ကြပြီးတော့ ဘဝမမေ့အောင် မိဘတွေရဲ့ သွန်သင်ဆုံးမမှုတွေကိုလည်း ခံယူခဲ့ရတဲ့ သမီးလေးတွေဖြစ်ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံဟာ တချိန်တုန်းက မမှတ်မိနိုင်လောက်အောင်ဝခဲ့ကြဖူးပြီးတော့ ယခုအချိန်မှာတော့ Diet ကို ကောင်းကောင်းလုပ်နိုင်ပြီး ခန္ဓာကိုယ်အချိုးအစားကို သေချာထိန်းနိုင်နေပြီဖြစ်ပါတယ်။ သူမရဲ့ Diet Plan လေးကိုလည်း ပရိသတ်တွေက မကြာခဏဆိုသလို မေးမြန်းလေ့ရှိကြပြီးတော့ သူမယခုလို ဘော်ဒီပြန်ဖြစ်လာအောင် လုပ်နိုင်ခဲ့တဲ့ Plan ကိုလည်း မကြာခင်မှာ စာအုပ်လေး ထွက်ရှိပေးတော့မှာဖြစ်ပါတယ်။

သူမကတော့ သမီးလေး(၂) ဦးပိုင်ဆိုင်ထားပြီး အငယ်ဆုံးသမီးလေး တစ်တုတ်နေတဲ့ကလေးကို မွေးပြီးအချိန်မှာတော့ ပိုမို ဝလာခဲ့တယ်လို့ဆိုပါတယ်။ သူမအနေနဲ့ ဒီလိုသမီးလေးရလာတဲ့အပေါ်မှာလည်း အရမ်းကိုပျော်ရွှင်နေခဲ့တာတွေ့ရပါတယ်။ ယခုအချိန်မှာတော့ မိသားစု လေးယောက်လုံးက ပါးလျတဲ့ ခန္ဓာကိုယ်လေးတွေကို ကိုယ်စီပိုင်ဆိုင်ထားရှိပြီးဖြစ်ပါတယ်။ ငယ်စဉ်က တစ်တုတ်ခဲ့တဲ့ သမီးငယ်လေးရဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

Photos-Smile

Loading...

Facebook Comments