မနေ့ညက ဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပြန်တဲ့ ရွှေမှုံရတီ

ဗြိတိန် တော်ဝင်မိသားစု မှ မင်းသား ဝီလျံနှင့် ကြင်ရာတော် ကိတ်မစ်ဒယ်လ်တန် တို့မင်္ဂလာပွဲဟာ ဗြိတိန်နိုင်ငံမှာ လူအများစိတ်ဝင်စားမှုရရှိခဲ့တဲ့ ပွဲတစ်ခုဖြစ်ခဲ့သလို မြန်မာနိုင်ငံက လူတော်တော်များများလဲ စိတ်ဝင်စားခဲ့ကြပါတယ်။ သူတို့ဟာ ၂၀၁၁ ခုနှစ် မေလက လက်ထပ်ခဲ့ကြပြီး အဲ့ဒီလက်ထပ်ပွဲမှာ ကိတ်မစ်ဒယ်လ်တန် ၀တ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံဟာ ရိုးရှင်းပြီးအရမ်းကို ကြည့်လိုကောင်းတဲ့ ၀တ်စုံတစ်ခုဖြစ်ခဲ့ပါတယ်။ အဆိုပါဝတ်စုံဟာ မနေ့ညက မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ခဲ့တဲ့ အဆိုတော် မင်းသား ရွှေထူးနဲ့ မင်းသမီး ရွှေမှုံရတီတို့ရဲ့ ပွဲမှာ ရွှေမှုံရတီရဲ့ ၀တ်စုံဟာ ကိတ်မစ်ဒယ်လ်တန် ၀တ်ဆင်ခဲ့တဲ့ ဒီဇိုင်းနဲ့ဆင်တူ နေခဲ့တယ်ဆိုပြီးဝေဖန်နေကြတာတွေ ရှိပါတယ်။

ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဧည့်ခံပွဲဟာ ရိုးရှင်းလှပစွာ ပြီးဆုံးသွားခဲ့ပြီး ၀တ်စုံလေးနှစ်စုံနဲ့ အရမ်းကို ကြည်နူးစရာကောင်းတဲ့ ပွဲလေး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဝတ်စုံလေးထဲကမှ ပထမဆုံးပွဲထွက်ခဲ့တဲ့ ၀တ်စုံဟာ မင်းသား ဝီလျံနှင့် ကြင်ရာတော် ကိတ်မစ်ဒယ်လ်တန် တို့ရဲ့ မင်္ဂလာပွဲမှ ကိတ်ဝတ်ခဲ့တဲ့ ၀တ်စုံကို ဆင်တူခိုးချထားတယ်၊ ဒီဇိုင်းတူတာ ၀တ်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေတဲ့ ပရိသတ်တစ်ချို့ ရှိနေပါတယ်။ တကယ်တော့ ကိတ်ဝတ်စုံဟာ တစ်ကမ္ဘာလုံးက သဘောကြပြီး စိတ်ဝင်စားခဲ့တဲ့ ၀တ်စုံဖြစ်တာကြောင့် သာမာန်မင်္ဂလာပွဲတွေမှာလဲ ရံဖန်ရံခါ တွေ့မြင်ရလေ့ရှိပါတယ်။

ဒါဟာ ပြောဆိုဝေဖန်စရာကိစ္စတစ်ခုမဟုတ်သလို ရွှေမှုံဝတ်ဆင်ထားတဲ့ ၀တ်စုံဟာလဲ ဒီဇိုင်းဟာ ဆင်တူရိုမှားသာ ဖြစ်သလို ပိတ်စ၊ ဇာ၊ ဒီဇိုင်နာတွေဟာ မတူညီပါဘူး။ အဆိုပါဝတ်စုံကို ချုပ်လုပ်ပေးခဲ့တာကတော့ ဒီဇိုင်နာ ကောင်းမြတ်ဖြစ်ပြီး ရွှေမှုံရတီရဲ့ မင်္ဂလာဧည့်ခံပွဲ ၀တ်စုံကို အကောင်းစားပြင်သစ်ဇာ နဲ့ ပြင်သစ်ပိုးနုလေးတွေကို စီမံပေါင်းစပ်ထားတဲ့ traditional wedding gown နဲ့ 1920s’ လောက်က ခေတ်စားခဲ့တဲ့ fashion ကို inspiration ယူထားတဲ့ cocktail dress ပဲ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီ တို့ ဇနီးမောင်နှံဟာ မင်္ဂလာပွဲကို သာမာန် ချစ်သူစုံတွဲ တွေလိုဘဲ ပကာသဏတွေမပါဘဲ ရိုးရှင်းစွာကျင်းပခဲ့ပြီး အရမ်းကိုပျော်ရွှင်ကြည်နူးစရာ ကောင်းခဲ့ပါတယ်။ သူတို့နှစ်ဦးကို ချစ်တဲ့ ပရိသတ်တွေရော၊ မချစ်တဲ့ ပရိသတ်တွေရောက ချစ်တဲ့ စိတ်လေးနဲ့ဘဲကြည့်ပေးလိုက်ကြပါနော်။

Credit-Momolay

Loading...

Facebook Comments