ခင်ပွန်းနဲ့ မက်ဆင်ဂျာကနေဆက်သွယ်တဲ့ အမျိုးသမီးကို အိမ်ထဲဝင် ဓားနဲ့ထိုး

မကွေး၊ နိုဝင်ဘာ ၁၁

ခင်ပွန်းဖြစ်သူနှင့် မက်ဆင်ဂျာတွင် ဆက်သွယ်ခဲ့သည့်အမျိုးသမီးအား ဇနီးဖြစ်သူက အိမ်ထဲဝင်၍ ဓားဖြင့်ထိုးမှု မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းတွင်ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မြို့သစ် မြို့နယ်၊ ဖလန်တိုင်းကျေးရွာနေ ဒေါ်××××(၅၀)နှစ်သည် နေအိမ်အောက်ထပ်၌ သမီးဖြစ်သူ မ××××(၂၅)နှစ်နှင့်အတူ ရှိနေစဉ် နေအိမ်ရှေ့မှ အမည်မသိအမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မ××××(၂၅)နှစ် ရှိလားဟု မေးသဖြင့် နေအိမ်အောက်ထပ် ခုတင်ပေါ်တွင် အိမ်နေကြောင်းပြောလိုက်ရာ အဆိုပါအမျိုးသမီးက ဆိုင်ကယ်ပေါ်မှဆင်းလာကာ အသင့်ပါလာသည့် အရိုးအသွား (၁၀)လက်မခန့်ရှိ ဓားမြှောင့်ဖြင့်ထိုးလေတော့သည်။

သို့ရာတွင် မ×××× (၂၅နှစ်)မှ ရှောင်လိုက်သဖြင့် လူကိုမထိုးမိဘဲဖြစ်သွားစဉ် မိခင်ဖြစ်သူ ဒေါ်××××က ပတ်ဝန်းကျင်သို့အော်ဟစ်အကူအညီတောင်းခဲ့သဖြင့်အနီးရှိ လူများနှင့် အဆိုပါအမျိုးသမီးအား ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်။

ထို့နောက် ထိုအမျိုးသမီးအား မည်သည့်အတွက်ကြောင့် ဓားဖြင့်ထိုးရခြင်းကို မေးမြန်းရာ ၎င်း၏ခင်ပွန်းကိုင်ဆောင်သည့် ဟန်းဖုန်းတွင် မ××××(၂၅နှစ်)မှ ဆက်သွယ် ထားသည့် Message များ တွေ့ရှိသဖြင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရ၍ အရေးယူ ပေးရန်တိုင် တန်းချက်အရ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှ(ပ)၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

Source – မြန်မာနိုင်ငံရဲတပ်ဖွဲ့

Loading...

Facebook Comments