ခိုင်သင်းကြည် ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ကူးဖြစ်တဲ့ အကြောင်းရင်

ငပလီတွင် ‘အောက်ဖဲ မလှန်ကြေး’ ဇာတ်ကားရိုက်ကူး ရင်း ဟိုတယ်ရေကူးကန်၌ ရေကူးဝတ်စုံဖြင့် ဓာတ်ပုံရိုက်၍ ဖေ့စ်ဘွတ်ခ် တင်ဖြစ်သည့်အ ကြောင်းကို သရုပ်ဆောင်ခိုင်သင်း ကြည်က ယခုကဲ့သို့ ပြောသည်။
‘‘အဲဒီနေ့ မနက်က လင်မယားနှစ်ယောက် ရေကူးကန်မှာ နှစ် ယောက်တည်းရေကူးကြတာ။ အဲ ဒါနဲ့ ဘာရယ်မဟုတ်ဘူး ရိုက်လိုက်တာပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု မရှိပါဘူး။

ကိုယ့်ကိုယ်ကိုယ် ကြည့်ရတာ စိတ်တွေဆင်းရဲလို့ ကြည့်ချင်စိတ်တောင် မရှိဘူး။ ဒီလိုရိုက်ပြီး ပုံတင်တာက ပထမဆုံးအကြိမ် ပါ။ တင်ဖို့သင့်တော်တဲ့ အရွယ် လည်း မဟုတ်ဘူးလေ။ ကြည့်လို့ လည်း မကောင်းဘူးလေ။ ကြည့် လို့ကောင်းရင်လည်း တစ်မျိုး ပေါ့’’ ဟု ၎င်းကပြောသည်။

အဆိုပါ ပုံများကိုခင်ပွန်းက ရိုက်ပေးသည့်အပြင် ခွင့်ပြုသောကြောင့် ရေကူး ၀တ်စုံပေါ် ပ၀ါပတ်ထားသည့် ပုံများကို၎င်းအ ကောင့်တွင် တင်ခြင်းဖြစ်သည်။

‘‘အဲဒါက ကားရိုက်ထဲမှာ မပါဘူးနော်။ ကားရိုက်ထဲမှာ တော့ မခိုင်တို့အသက်အရွယ်၊ မခိုင်တို့ အချိုးအစားနဲ့ အဆင် လည်း မပြေပါဘူး။ အရွယ်အရ ရော၊ ပုံစံအရရော မ၀တ်သင့်ပါ ဘူး။ အဲဒါကြောင့် မခိုင်တို့က ၀တ်နိုင်တဲ့၊ ၀တ်လို့လှတဲ့၊ ၀တ် ရဲတဲ့သူတွေကို ငှားထားတာပေါ့။ ရုပ်ရှင်ထဲမှာတော့ မပါပါဘူး။ ကိုယ့်ဟာကိုယ် အပျင်းပြေရေကူး တာပါ’’ဟု ၎င်းကပြောသည်။

‘အောက်ဖဲမလှန်ကြေး’ ဇာတ်ကားကို ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုနှင့် ၎င်းတို့ပူးပေါင်းသော ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခြင်းဖြစ်ပြီး အလုပ်လုပ်စဉ် အပန်းဖြေလိုသောကြောင့်သာ ငပလီတွင် ရိုက်ကူးခြင်းဖြစ်ပြီး ချောင်းသာ၊ ငွေဆောင်တို့ထက် စရိတ်ပိုမိုကုန်သည်ဟု ဆိုသည်။

‘‘ဟိုတယ်ခချည်းပဲလည်း များတယ်။ ဟိုတယ်ကြီးမှာပဲ မင်း သား၊ မင်းသမီးတွေထားသလို ဆယ်ရက်ကျော်သွားတဲ့အတွက် နည်းနည်းတော့ ကုန်ကျစရိတ် များတယ်’’ဟု ၎င်းကပြောသည်။

ခိုင်သင်းကြည်သည် လက် ရှိတွင် ဒါရိုက်တာ ရာဇ၀င်ကို ရိုက်ကူးသည့် ‘မိန်းမကြမ်းကြီးများ ဇာတ်ကား’၌ ခပ်ကြမ်းကြမ်း အမျိုးသမီးတစ်ဦး၏ ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်နေသည်။

Credit :www.7daydaily.com

Loading...

Facebook Comments