မေတ္တာတရားအပေါ် အခြေခံပြီးတည်ဆောက်ထားတယ်ဆိုတဲ့ ခိုင်နှင်းဝေနဲ့ JD

သရုပ်ဆောင်ခိုင်နှင်းဝေနဲ့ JD တို့ဟာ လက်ရှိမှာ LGBT တွေနဲ့ပတ်သက်တဲ့ ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပြီးတော့ JD ဟာ LGBT တွေကို မြန်မာနိုင်ငံမှာ တဖြေးဖြေးလက်ခံလာအောင် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ သူတို့ဖွင့်လှစ်ထားတဲ့ ဆိုင်လေးဟာ အောင်မြင်မှုတွေရရှိနေပြီး အနုပညာရှင်တော်တော်များများလည်း လာရောက်ပြီးပွဲတွေကျင်းပကြတယ်လို့ သိရပါတယ်။ JD ဟာ သဘင်မျိုးရိုးရှိသူတစ်ဦးဖြစ်ပြီးတော့ သဘင်ကို ဝါသနာမပါပေမယ့် ကြီးလာတဲ့အချိန်မှာတော့ မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“သဘင်ကို ဝါသနာပါပါတယ်။ ကိုယ်ကသဘင်မျိုးရိုးက ဆင်းသက်လာတာဆိုတော့ အသွေးထဲအသားထဲမှာတော့ ရှိတာပေါ့နော် တီးလုံးသံကြားရင်တော့ ကချင်တာပေါ့ ဒါပေမဲ့ ငယ်ငယ်တုန်းကတော့ ကရပါတယ် သိတဲ့လူတွေလည်း သိပါတယ် ကြီးလာတော့ မြန်မာလိုမကဖြစ်တော့ဘူး မင်းသမီးလိုတောင် မကဖြစ်တော့ဘူးပေါ့နော် ဖေဖေကတဲ့ အကလေးတွေကိုတော့ ပြန်ကဖြစ်ပါတယ်” လို့ သဘင်နဲ့ပတ်သက်ပြီး မကဖြစ်တော့တဲ့အကြောင်းကို ပြောပြထားတာဖြစ်ပါတယ်။

JD ကတော့ ခိုင်နှင်းဝေနဲ့ သူတို့နှစ်ယောက်ဟာ မေတ္တာတရားပေါ်မှာအခြေခံပြီးတည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ခိုင်နှင်းဝေကိုတော့ သူ့အနေနဲ့ စိတ်ချမ်းသာအောင်ထားတဲ့အပြင် သူ့ကိုလည်း ခိုင်နှင်းဝေက စိတ်ချမ်းသာစေတယ်လို့ ဖွင့်ဟလာပါတယ်။ ” စိတ်ချမ်းသာအောင်ထားပါတယ် သူလည်း ကျွန်တော့်ကို စိတ်ချမ်းသာအောင်ထားပါတယ် ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော်နဲ့က ငယ်ငယ်လေးထဲက သံယောဇဉ်လို့ ပြောရမှာပေါ့ ကျွန်တော် ၇ တန်း သူ First Year လောက်တည်းက ခင်ကြမင်ကြ နှစ်အိမ်တစ်အိမ်နေကြတယ်ဆိုတော့ သံယောဇဉ်ပေါ့ အဓိက လူတစ်ယောက်နဲ့တစ်ယောက်က ချစ်တယ်ဆိုတာ မုန်းလို့ရတယ် အဲ့ဒီဟာတွေကကျတော့ မခိုင်မြဲဘူး သူနဲ့ကျွန်တော်နဲ့ ကျတော့ မေတ္တာတရားကို အခြေခံတယ် သူ့ဆီမှာ လိုအပ်ချက် ကျွန်တော့်ဆီမှာ လိုအပ်ချက် မေတ္တာတရားလေးတွေနဲ့ ဖြည့်ဆည်းကြတယ်ဆိုတော့ ခိုင်မြဲပြီးတော့ တစ်ယောက်ဖြစ်ချင်တာကိုတစ်ယောက် လိုက်လျောပေးတယ် ဥပမာ ကျွန်တော်ဘာဖြစ်ချင်လဲ သူသိတယ်သူဘာလိုအပ်လဲ ကျွန်တော်သိတယ်ဆိုတဲ့ အချိန်မှာ အဆင်ပြေပြေနဲ့ အားလုံးက ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာ ဖြတ်သန်းနေတာပါ” လို့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို 8Days မီဒီယာရဲ့အင်တာဗျူးမှာ ဖြေဆိုသွားခဲ့တာပါ။

ဒါ့အပြင် ငယ်ငယ်လေးတည်းက ဖခင်ဆုံးပါးသွားလို့ မိခင်နဲ့ နှစ်ယောက်တည်းရှင်သန်ခဲ့ရတဲ့ ခိုင်နှင်းဝေဟာ အားငယ်တတ်တဲ့စိတ်ရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမနေကြပါတယ်လို့ ဆိုပါသေးတယ်။

Credit :We Love Cele

Photos-Terry Jop

Loading...

Facebook Comments