၂၀၁၈ ခုနှစ်အတွက် အနုပညာကြေး အမြင့်ဆုံးမင်းသမီးများ

မြန်မာနိုင်ငံမှာ သရုပ်ဆောင်မင်းသမီးတွေ များစွာရှိတဲ့အနက် နှစ်စဉ်အလိုက် သရုပ်ဆောင်ကြေးအမြင့်မားဆုံးမင်းသမီးတွေ ပေါ်ထွက်လာစမြဲဖြစ်ပါတယ်။ သရုပ်ဆောင်မှုစွမ်းရည်တွေအလိုက် ဇာတ်ကားရိုက်ကူးရမှုတွေလည်း အနည်း/အများပေါ် မူတည်လာပြီး အနုပညာကြေးတွေလည်း ကွာဟလာတာဖြစ်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ ၂၀၁၈ ခုနှစ်အတွက် အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ဖွေးဖွေး ၊ ဝတ်မှုန်ရွှေရည် ၊ အိန္ဒြာကျော်ဇင် ၊ မိုးဟေကို တို့မှာ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးများဟုကြေငြာခဲ့သော်လည်း ယခုနှစ်တွင်ကား တခြားနေရာများအတွက် အပြောင်းအလဲသိပ်မရှိလှသော်လဲ နံပါတ်တစ် နေရာအပြောင်းအလဲဖြစ်သွား ကြောင့်စုံစမ်းသိရှိရသည်။

၂၀၁၈ ခုနှစ်တွင် ဝတ်မှုန်ရွှေရည်က သရုပ်ဆောင်ကြေး အမြင့်ဆုံးမင်းသမီးနေရာတွင်ရပ်တည်နေပြီး လိပ်ပြာစံအိမ် နှင့် ဒဏ္ဍာရီမိုး ဇာတ်ကားများအတွက် တစ်ကားလျှင် သိန်း ၂၃၀ ခန့်ဖြင့်လက်ခံရိုက်ကူးခဲ့သည်။ သူမနောက်တွင် ယမန်နှစ်ကအနုပညာကြေးအမြင့်ဆုံး မင်းသမီးဖွေးဖွေးက သိန်း ၂၂၅ သိန်းခန့်ဖြင့်ရပ်တည်နေပြီး တတိယနေရာတွင်အိန္ဒြာကျော်ဇင်က သိန်း ၂၁၀ ခန့်ဖြင့် သူမ၏တတိယနေရာကို ယနေ့အချိန်အထိဆုတ်
ကိုင်ထားဆဲဖြစ်သည်။

စတုတ္တနေရာတွင်တော့ မိုးဟေကိုက ပပဝတီစီရင်ခန်းငယ်ကျွမ်းဆွေဇာတ်ကားများကို သိနိး ၂၀၀ ခန့်ဖြင့်လက်ခံထားကြောင်းသိရသည်။ပဉ္စမနေရာတွင် ရွှေမှုန်ရတီက ယခုနှစိဇာတ်ကား အတော်များများကို သိန်း ၁၈၀ ခန့်ဖြင့်ရိုက်ကူးပေးခဲ့ကြောင်းသိရသည်။ယခုနှစ်အတွင်းသရုပ်ဆောင်ကြေးအမြင့်ဆုံးအခြား မင်းသမီးများမှာ သက်မွန်မြင့် ၊ ပိုင်ဖြိုးသု ၊ အိချောပို နှင့် စိုးမြတ်သူဇာ တို့ဖြစ်သည်။

Source-World of Film Stars

Loading...

Facebook Comments