ချစ်သူလေးနဲ့အတူ လူကြီးမိဘတွေဆီ သွားရောက်ကန်တော့ခဲ့တဲ့ သရုပ်ဆောင် စည်ဖြို

သရုပ်ဆောင် စည်ဖြိုးတစ်ယောက်ကတော့ ယနေ့မှာလူကြီးမိဘတွေကိုသွားရောက် ဂါဝရပြုကန်တော့ခဲ့ပါတယ်။ ပိုပြီးထူးခြားတာကတော့ စည်ဖြိုးက ဒီနှစ်မှာ တစ်ယောက်တည်း သွားကန်တော့ခဲ့တာမဟုတ်ဘဲ ချစ်သူလေးနဲ့အတူ လူကြီးမိဘတွေကိုကန်တော့ခဲ့တာကြောင့်ပရိသတ်တွေက မင်္ဂလာဦးကန်တော့တာလားလို့ ထင်ကြေးပေးခံနေရတာဖြစ်ပါတယ်။

သရုပ်ဆောင်လောကမှာ အချိန်အတော်ကြာရပ်တည်ခဲ့တဲ့ စည်ဖြိုးဟာဗီဒီယိုလောကရဲ့မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးပြီး နာမည်ကြီးလာတဲ့ စည်ဖြိုးဟာ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုဆောင်ရွက်တာ ခပ်ကျဲကျဲဖြစ်နေခဲ့ပါတယ်။ ယခုအချိန်ထိ လူပျိုကြီးဘဝကိုခံယူပြီး ဖြတ်သန်းနေတဲ့စည်ဖြိုးကိုလည်းပရိသတ်တွေက ဘယ်အချိန်စွံမှာလဲလို့ စိတ်ဝင်စားနေကြတာအမှန်ပါ။

စည်ဖြိုးတစ်ယောက် ဒီတစ်ခေါက်မှာတော့ ချစ်သူလေးကို လူကြီးမိဘအိမ်တွေကို ခေါ်သွားပြီး အတူတူသွားရောက်ကန်တော့ခဲ့တဲ့ပုံရိပ်လေးတွေကို သူ့ရဲ့အကောင့်မှာတင်ထားတာဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေဟာလည်း သိပ်မကြာခင်မှာ စည်ဖြိုးတစ်ယောက်စွံတော့မှာလားဆိုတာ စဉ်းစားစရာတစ်ခုပါပဲနော်။ စည်ြဖိုးနဲ့ ချစ်သူကောင်မလေးတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ကြည့်ရှုပေးကြပါဦး။

Credit :We Love Cele

Photos-Si Phyo

Loading...

Facebook Comments