လင်းဇာနည်ဇော်ရဲ့ဖခင် ဒါရိုက်တာ ဦးခင်ဇော်တို့ ဇနီးမောင်နှံကိုသွားရောက် ကန်တော့ခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

ပြည်သူ့အချစ်တော် တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသား၊ မင်းသမီးတွေပဲဖြစ်ကြပါတယ်။ သားလေးဖိုးတီနဲ့ သမီးလေး ပြေသုန္ဒြာတို့နဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားကြပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကြပြီးတော့ နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုတွေကိုစိစစ်ပြီး ထောက်ပံ့မှုတွေပြုလုပ်နေကြတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံဟာ ယခုအချိန်ထိ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်မြားစွာကိုရိုက်ကူးနေရပြီးတော့ ခရီးတွေထွက်နေရတာကြောင့် ဇနီးမောင်နှံ နှစ်ဦး အိမ်မှာ အတူရှိတဲ့အချိန်တောင် ရှားပါးလွန်းလှပါတယ်။ သို့ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ ချစ်နေကြတဲ့ ပရိသတ်က အားကျဖို့ကောင်းလှတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာလည်း ပြေတီဦးတို့မိသားစုလေးပါပဲ။

ယနေ့မှာလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က ဒါရိုက်​တာ မိုက်​တီး၊ သရုပ်​​ဆောင်​ ချစ်​ချစ်​​ဇော်​၊ လင်းဇာနည်​​ဇော်​ တို့ရဲ့ မိခင်​ နဲ့ ဖခင်​ ဒါရိုက်​တာ ဦးခင်​​ဇော်​တို့ကို သွား​ရောက်​ဂါရဝပြု ကန်​​တော့ခဲ့ကြပါတယ်။ ကျေးဇူးရှင်ဆရာတွေကို ယနေ့အချိန်ထိတိုင် ကျေးဇူးသိတတ်စွာနဲ့ သွားရောက်ကန်တော့ကြတဲ့ ပြေတီဦးတို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေဟာလည်း အင်မတန်မှ ကြည်နူးဖို့ကောင်းလှပါတယ်။

Credit : We Love Cele
Photos-Pyay Ti Oo

Loading...

Facebook Comments