ပရိသတ်တွေ ဒွိဟဖြစ်နေတဲ့ အချစ်ရေးအပေါ် အဖြေပေးလိုက်တဲ့ အေးနေဝင်

ရွှေအိမ်စည်ဟာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးခဲ့ပါတယ်။ သူမရဲ့အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပြိုင်ပွဲနီးလာပြီဖြစ်တဲ့အတွက်ကြောင့်သူမအနေနဲ့ အလုပ်ပေါ်မှာသာ တစိုက်မတ်မတ်အာရုံစိုက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

သို့သော်လည်း ရွှေအိမ်စည်အကိုဖြစ်သူက လမ်းခွဲမှုအပေါ် အားပေးအားမြောက်ပြုနေသူများအနေနဲ့ ရွှေအိမ်စည်ဟာ ထိုသို့ လမ်းခွဲစကားပြောပြီးနောက် ငိုနေကြောင်း နောက်ပြန်လှည့်လို့မရတဲ့ ဖိအားမျိုးတွေ မပေးသင့်ကြောင်း ပို့စ်တင်ရေးသားခဲ့တဲ့အတွက် ပရိသတ်တွေက ဝေခွဲမရဖြစ်လာခဲ့ပါတယ်။ ရွှေအိမ်စည်အနေနဲ့ စိတ်အခန့်မသင့်တဲ့အချိန်မှာ ယခုကဲ့သို့ လမ်းခွဲစကားပြောခဲ့တာလားလို့ ပရိသတ်တွေဘက်က ထင်ကြေးပေးလာခဲ့တာဖြစ်ပါတယ်။

အေးနေဝင်းအနေနဲ့ကတော့လက်ရှိမှာ အချစ်ရေးမှာတော့ ပျော်ရွှင်နေပါတယ်လို့ပြောဆိုထားပြီးတော့ ရွှေအိမ်စည်နဲ့တကယ်ပြတ်သွားပြီလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ဒါသူ ပြောတာ ပိုကောင်းပါတယ်။ အကိုမပြောချင်ဘူး” လို့ ရွှေအိမ်စည်ကို ပြန်လည် မေးခိုင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပရိသတ်တွေက ယခုလိုမျိုးပြတ်ဆဲသွားခြင်းဟာလည်း ပြိုင်ပွဲနီးလာတဲ့အတွက်ကြောင့် ဟန်ပြပြတ်ဆဲတာပါဆိုပြီး မှတ်ချက်ပေးမှုတွေလည်း ထွက်ပေါ်နေတဲ့အပေါ် အေးနေဝင်းက “ရွှေအိမ်စည်ပြိုင်ပွဲသွားခါနီး ဟန်ပြပြတ်တယ်ဆိုတာ ထင်မြင်ချက်တွေ အများကြီးထဲက ထင်မြင်ချက်တစ်ခုပေါ့နော်။ အဲလိုထင်မြင်ချက်တွေ တစ်ခုချင်းစီကိုသာ လိုက်ရှင်းနေရမယ်ဆိုရင်လည်းပြီးမှာမဟုတ်တော့ဘူး။ အဲဒါကြောင့်အကိုက အဲဒါနဲ့ပတ်သက်ပြီတော့အထူးတလည်ပြောစရာအကြောင်းမရှိပါဘူး။ အဲလိုတော့လည်း လုပ်စရာအနေအထားမရှိဘူးလို့လည်း ပြောချင်ပါတယ်။ ” လို့ သူ့အနေနဲ့ လမ်းခွဲခြင်းအကြောင်းအရာတွေကို စတင်ပြောဆိုခဲ့ခြင်းမရှိလို့ ဟန်ပြ ပြတ်ဆဲရလောက်တဲ့ အနေအထားလည်း မရှိဘူးလို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။

ယခုလက်ရှိအနေအထားမှာတော့ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းဟာ ပြန်ပြီးအဆင်ပြေသွားပြီလား သို့မဟုတ် ပြတ်ဆဲသွားပြီလားဆိုတဲ့ ပရိသတ်တွေရဲ့ ဒွိဟမေးခွန်းတွေကြားမှာလည်း ရှိနေခဲ့ပါတယ်။”အကိုတို့ရဲ့ဇာတ်လမ်းက ဘယ်လိုအနေအထားရှိပါတယ်ဆိုတဲ့အကြောင်းကို အကို ကိုယ်တိုင်ကလည်း ဒွိဟဖြစ်စေလောက်တဲ့အပြောအဆိုမျိုးပြောခဲ့တာမဟုတ်ဘူးဆိုတော့ သူပြောတာ သူပဲရှင်းတာကောင်းတယ်။ အကိုပြောတာက သူပြောတာနဲ့မကိုက်ညီရင် သူတစ်မျိုးဖြစ်မယ်လေ အဲတော့ သူပဲပြန်ပြောပါလိမ့်မယ် ဘယ်လိုအခြေအနေဆိုတာ ဒါပေမယ့် စိတ်မပူပါနဲ့လို့ပြောချင်ပါတယ်။” လို့ 8 Day ဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

Credit :We Love Cele

Loading...

Facebook Comments