ဟာသသရုပ်ဆောင်ကစ်ကစ်ကို အနီးကပ်ပြုစုပေးနေတဲ့ ခင်သဇင်

ကျောက်ကပ်အစားထိုး ကုသရန် လိုအပ်နေသည့်ဟာသ သရုပ်ဆောင်ကစ်ကစ်အတွက် အလှူငွေ မ,တည်ပေးထားပြီး လက်ရှိတွင် အနီးကပ်ပြုစုပေးနေ ကြောင်း သရုပ်ဆောင်ခင်သဇင် က ပြောသည်။
‘‘သူများတွေလှူသလိုပဲ ကိုယ်လည်းလှူဖို့သွားတာ။မကစ် အခြေအနေက နောက်ဆုံးအခြေ အနေဖြစ်နေတာကို သိလိုက်ရ တော့ လုပ်မှတော့ဖြစ်တော့မယ်။ ရောက်လာပြီ၊ တွေ့သွားပြီဆို တော့ ဘယ်လိုမှမျက်နှာလွှဲပြီး နေလို့ရမှာမဟုတ်ဘူး။ ကယ်လို့ ရခဲ့သားနဲ့ အလုပ်ရှုပ်တယ်ဆိုပြီး မကယ်ခဲ့ရင် ကိုယ်တိုင်လည်း လိပ်ပြာသန့်မှာမဟုတ်ဘူး’’ ဟု ၎င်းကပြောသည်။

သရုပ်ဆောင်ကစ်ကစ်၏ ကျန်းမာရေးဆေးကုသမှုအတွက် ၎င်းကအလှူငွေ ကျပ်၃၅ သိန်း မ,တည်ထားပြီး နိုဝင်ဘာ ၂ ရက်မှ၅ ရက်အထိ အလှူငွေစုစုပေါင်း သိန်း ၅၀ ကျော်ရရှိထားကြောင်း ခင်သဇင်က ပြောသည်။

ထို့အပြင် သရုပ်ဆောင်ကစ် ကစ်အတွက် လှူဒါန်းလိုသူများအ နေဖြင့် ကမ္ဘောဇဘဏ်၏ဘဏ် အကောင့် KBZBANKING 239 30123900107301 သို့ ပေးပို့ လှူဒါန်းနိုင်ပြီး အလှူရှင်စာရင်း များကို ကြေညာပေးမည်ဟု ၎င်း က ပြောသည်။

‘‘မကစ်က တကယ်ကိုကယ် သင့်တဲ့သူတစ်ယောက်။ သူ့မှာ ယောက်ျားလည်းမရှိဘူး။ သား လည်းမရှိဘူး။ သမီးလေးက လည်း ၁၀ တန်း၊ ဆွေမျိုးသားချင်း လည်းမရှိဘူး။ အိမ်နီးချင်းတွေက ဟင်းလာချက်ပြီးကူညီနေရတာ။ ကိုယ့်အနုပညာသမားချင်း ထောက်ပံ့ချင်တာကြောင့် လုပ်ပေးဖြစ် တာ။ မကစ်နဲ့ဆို ကားရိုက်တောင် မဆုံဖူးဘူး။ မကစ်ကလည်း ခင် သဇင်ဆိုတာ ဘယ်သူမှန်းတောင် မသိပါဘူး’’ ဟု ခင်သဇင်က ပြော သည်။ကစ်ကစ်သည် ခုတင် ၅၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေ ပြီး ရှုတင်ပြီးသည့်အချိန်တိုင်းကစ် ကစ်၏အနီး၌အချိန်ပေး၍နေဖြစ် ကြောင်း ခင်သဇင်ကဆိုသည်။

‘‘လှူချင်တဲ့သူတွေလည်း တတ်နိုင်သလောက်နည်းများ မဆိုလှူကြပါ။ မကစ်အတွက် ခွဲ စိတ်ကုသမှုအောင်မြင်ဖို့အတွက် လည်း ဆုတောင်းပေးကြပါ။ မကစ်က မျက်စိလည်းမမြင်ရတော့ဘူး’’ ဟု ခင်သဇင်က ပြောသည်။

Credit :www.7daydaily.com

Loading...

Facebook Comments