အောင်ဘာလေထီ ကျပ်သိန်းငါးထောင်ဆုကို စုတ်ပြဲထီလက်မှတ်မှ ဆွတ်ခူးခဲ့ခြင်းမဟုတ်ဘဲ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးက ဆွတ်ခူးခဲ့ခြင်းဖြစ်

အောင်ဘာလေထီကျပ် သိန်းငါးထောင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးက ဆွတ်ခူးခဲ့ပြီး ယမန်နေ့ (နိုဝင်ဘာ ၆ ရက်)က ဆုငွေလာရာက်ထုတ် ယူပြီးဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။
အောင်ဘာလေထီ၏ ဒုတိယအမြင့်ဆုံးဖြစ်သည့် ကျပ်သိန်းငါးထောင်နှစ်ဆုအနက်မှ တစ်ဆုကို ‘ကဌ-၁၇၉၉၅၆’ ထီလက်မှတ်ဖြင့် တပ်ကုန်းမြို့နယ်မှ ဦးမောင် မျိုး(ကိုကိုလေး)ဆိုသူက ဆွတ်ခူးခဲ့ပြီး ယင်းထီလက်မှတ်မှာ စုတ်ပြဲနေကြောင်း ကနဦးသတင်းထွက်ပေါ်ခဲ့သည်။

သို့သော် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သပြုရွာမှ ဒေါ်မြင့်မြင့်နွယ်က ယင်းအက္ခရာ၊ ဂဏန်းအပြည့်အစုံပါ သည့်ထီလက်မှတ်ဖြင့် ကံထူးသူအဖြစ် ထွက်ပေါ်လာခဲ့ပြီး ၎င်းအမျိုးသမီးမှာ အမှန်တကယ် ကျပ်သိန်းငါးထောင်ဆုရှင် ဖြစ်သည်ဟု မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်က ယမန်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

‘‘အခု ထီလက်မှတ်ပိုင်ရှင်အစစ်က ကျွန်တော်တို့ကို ထီဖွင့်ပြီးနောက်ရက်မှာပဲ အွန်လိုင်းကနေ ဆက်သွယ်ခဲ့ တယ်။ တခြားတစ်ယောက်က ဒီနံပါတ်ဂဏန်းနဲ့ ထီပေါက် ထားတယ်ဆိုတော့ သူတို့လက်မှတ်က ပေါက်၊ မပေါက်လှမ်းမေးတာ။ စစ်ကြည့်လိုက်တော့ သူ(ဒေါ်မြင့်မြင့်နွယ်) လက်မှတ်က ပေါက်မဲလက်မှတ်ဖြစ်နေလို့ ဒီနေ့(နိုဝင်ဘာ ၆ ရက်) ကပဲ ဂုဏ်ပြုပွဲလုပ်ပေးလိုက်ပါတယ်’’ဟု မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ တာဝန်ရှိသူ ဒေါ်ဆုမွန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေ ပြည်သာမြို့နယ်မှ ထီကိုယ်စား လှယ်တစ်ဦးက ကဝမြို့နယ်သို့ သွားရောက် ထီလှည့်ရောင်းစဉ် အစောင် ၂၀ အုပ်ကို ဝယ်ယူကံ စမ်းခဲ့ရာမှ ဒေါ်မြင့်မြင့်နွယ်က ကျပ်သိန်းငါးထောင်ဆုကို ဆွတ် ခူးခဲ့ခြင်းဖြစ်သည်။

ကျပ်သိန်းငါးထောင် ထီ လက်မှတ်ပိုင်ရှင်က ဆက်သွယ် အကြောင်းကြားပြီးနောက်တွင် ထီကံထူးရှင်အမည်ကို မိုးယံရွှေ လမင်းနှင့် မြတ်ဆုကုဋေထီဆိုင် က ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိ ဘဲ ထီဖွင့်ပြီး ခြောက်ရက်အကြာ မှ အတည်ပြုခဲ့သည်။

ထိုသို့ ထီကံထူးရှင်ကို ကြေ ညာခြင်းမပြုလုပ်မီ ရက်များ၌ တပ်ကုန်းမြို့နယ်မှ စုတ်ပြဲထီလက် မှတ်ပိုင်ဆိုင်ထားသူမှာ ကံထူးရှင် အမှန်ဟု လူအများက လက်ခံထား ကြပြီး ယင်းသတင်း လူထုအကြား ပျံ့နှံ့ခဲ့သည်။

လက်ရှိတွင် ထီဆုရှင်အမှန် ထွက်ပေါ်လာသဖြင့် စုတ်ပြဲထီ လက်မှတ်ပိုင်ရှင်မှာ မသမာသော နည်းဖြင့် လုပ်ကြံဖန်တီးခြင်း ဖြစ် နိုင်ကြောင်း ဝေဖန်မှုများထွက် ပေါ်ခဲ့သည်။

ထီလက်မှတ်အပြဲသည် ဂဏန်း နှင့် အက္ခရာနေရာကို ရွေး၍ ကတ်ကြေးဖြင့် ဖြတ်ထားသည့် အနေ အထားတွေ့ရသဖြင့် သံသယဖြစ် စရာကောင်းကြောင်း အောင်ဘာ လေသိန်းဆုဌာနခွဲမှ အကြီးတန်း အရာရှိက မှတ်ချက်ပြုသည်။

‘‘ထီလက်မှတ်ကို လိမ်လည် တဲ့သဘော ဖြစ်နေတဲ့အတွက် တိုင်ကြားသူရှိရင် ဥပဒေအတိုင်း အရေးယူလို့ရတဲ့ ကိစ္စပဲ’’ဟု ၎င်း က ပြောသည်။

သို့သော် ဖေ့စ်ဘွတ်ခ်ပေါ် တွင် ယင်းထီလက်မှတ်အပြဲအ ကြောင်း ရေးတင်ခဲ့သည့် စုတ်ပြဲထီလက်မှတ်ပိုင်ရှင်၏ သမီး ယောက်ဖဖြစ်သူ ဦးလှဝေ (ဖေ့စ် ဘွတ်ခ် အကောင့်အမည် Han Htun) က ၎င်းတို့အနေဖြင့် လုပ် ကြံဖန်တီးခြင်းမဟုတ်ကြောင်း ဆို သည်။

‘‘ကျွန်တော်တို့က ထီဆိုင်ကဆိုပြီး အကြောင်းကြားလို့ ထီ ပေါက်တယ်လို့ သိရတာ။ အခု ထီလက်မှတ်ပိုင်ရှင်တစ်ယောက် ထပ်ထွက်လာတယ်ဆိုတာ ကြား တော့ ဘယ်လိုဖြစ်တာလဲဆိုပြီး တော့ပဲ တွေးမိတယ်။ ကျွန်တော် တို့လိမ်လည်ထားတာ မရှိဘူးဆို တာ ကျိန်ပြောရဲတယ်။ အခုဆိုရင် ကျွန်တော်တို့က လုပ်ကြံတာဆို ပြီး ပတ်ဝန်းကျင်ကလည်း ဝိုင်း ပြောနေကြတယ်’’ဟု ဦးလှဝေက ပြောသည်။

ဦးမောင်မျိုးသည် တပ်ကုန်း မြို့ပေါ်သို့ ရောက်ရှိစဉ် ထီတွန်း လှည်းသမားထံမှ ထီနှစ်စောင် ဝယ်ယူခဲ့ပြီး ထီဖွင့်ပြီး နောက်တစ် ရက်တွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ပင်ရင်းထီဆိုင်မှ ဒုတိယမန်နေဂျာဆိုသူ ဦးရဲဝင်းနိုင်ဟုဆိုကာ ထီပေါက်ကြောင်း ဆက်သွယ် အကြောင်းကြားခံရခြင်းဖြစ်ကြောင်း ပြောသည်။

ဦးမောင်မျိုးထံ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဒုတိယမန်နေဂျာဆိုသူ ဦးရဲဝင်း နိုင်ဆိုသူက ဖုန်းနံပါတ် ၀၉-၆၉၁၉၃၀၁၇၂ ဖြင့် ဆက်သွယ်အ ကြောင်းကြားခဲ့ပြီး စုတ်ပြဲနေသည့် ထီလက်မှတ်အပိုင်းအစများကို ရှာဖွေရန် နိုဝင်ဘာ ၅ ရက်နေ့ လယ်အထိ လေးကြိမ်ထက်မနည်း ဖုန်းဆက်ခဲ့သေးကြောင်း ဦးလှဝေ က ပြောသည်။

ဖုန်းပိုင်ရှင် ဦးရဲဝင်းနိုင်ဆိုသူက ၎င်းခေါ်ဆိုအသုံးပြုသည့် ဖုန်းမှာ အရေးကြီးကိစ္စများအတွက်သာ ဖုန်းအထွက်ခေါ်ဆိုပြီး အဝင်ဖုန်းကို လက်မခံဟုပြောကြောင်းလည်း ဦးလှဝေက ဆိုသည်။

7Day Daily သတင်းစာက အဆိုပါဖုန်းနံပါတ်သို့ ယမန်နေ့ က ဆက်သွယ်ရာတွင် ယင်းဖုန်း မှာ စက်ပိတ်ထားသည်။

မိုးယံရွှေလမင်းနှင့် မြတ်ဆု ကုဋေထီဆိုင်ကမူ ထီလက်မှတ် အပြဲပိုင်ရှင်ထံသို့ ဆက်သွယ်အကြောင်းကြားမှု မပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘သူတို့ထိုးခဲ့တဲ့ ထီသည်ကို သိရရင်တော့ ဒီပြဿနာ အဖြေ ပေါ်မှာပါ’’ဟု ဒေါ်ဆုမွန်က ပြော သည်။ ထို့အပြင် ဦးမောင်မျိုးထံ ဆက်သွယ်ခဲ့သည်ဆိုသည့် ဒုတိ ယမန်နေဂျာ ဦးရဲဝင်းနိုင်ဆိုသူမှာ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်တွင် မရှိသကဲ့သို့ ၎င်းတို့ထံ ဆက်သွယ်သည့် ဖုန်းအမျိုးအစား ကိုလည်း မိုးယံထီဆိုင်များတွင် အသုံးပြုခြင်းမရှိကြောင်း ဒေါ်ဆု မွန်က ပြောသည်။

‘‘သူတို့ရဲ့ တကယ်ထီလက် မှတ်အပြဲကသာ ထီဆုကြီးပေါက် နေရင် ကျွန်မတို့လည်း ဒီအတိုင်း မနေပါဘူး။ ရန်ကုန်ကိုခေါ်ပြီး နှစ် သိမ့်တာ၊ ထောက်ပံ့တာလုပ်မှာ ပဲ’’ဟု ၎င်းက ဆက်ပြောသည်။

နိုဝင်ဘာ ၁ ရက်တွင် ဖွင့်ခဲ့ သည့် အောင်ဘာလေထီ၌ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေထီ ဆိုင်မှ သိန်းငါးထောင်နှစ်ဆုထွက် ခဲ့ပြီး ယခုအခါ ယင်းဆုရှင်နှစ်ဦး စလုံး ဆုငွေထုတ်ယူပြီးဖြစ်သည် ဟု ယင်းထီဆိုင်ကကြေညာသည်။

ထိုသို့ လွဲမှားမှုဖြစ်ရခြင်းမှာ ကြားလူတစ်ဦးက လိမ်လည်မှုပြု လုပ်ရန် မိုးယံရွှေလမင်းနှင့် မြတ် ဆုကုဋေထီဆိုင်အမည်ကို အသုံး ချခြင်းလည်းဖြစ်နိုင်ကြောင်း ထီ ပင်ရင်းအရောင်းဆိုင်ပိုင်ရှင်တစ် ဦးက မှတ်ချက်ပြုသည်။

စာဖတ်ပရိသတ်များသို့
ယနေ့ထုတ်7Day News Journal စာမျက်နှာ ၂ တွင် ဖော်ပြပါရှိသော ‘‘ကျပ်သိန်း ၅,၀၀၀ ထီပေါက်သော်လည်း လက်မှတ်ပျက်စီးနေသောအခါ’’ သတင်းဆောင်းပါးအတွက် သတင်းအချက်အလက်များ ရယူခဲ့ရာတွင် သတင်းအရင်းအမြစ်များထံမှ အချက်အလက်များကို ဖောင်ပိတ်ချိန်အထိ အချိန်မီမရရှိခဲ့ပါ၍ ပြည့်စုံမှု၊ မှန်ကန်တိကျမှု အားနည်းပြီး လိုအပ်ချက်များစွာရှိခဲ့ပါသည်။ ထို့ကြောင့်အဆိုပါ သတင်းဆောင်းပါးနှင့် ယခုသတင်းကို ဆက်စပ်ဖတ်ရှုပေး ပါရန် စာဖတ်ပရိသတ်အား လေးစားစွာ ပန်ကြားအပ်ပါသည်။

Credit :www.7daydaily.com

Loading...

Facebook Comments