အိမ်ဖော်ကို ညှင်းပန်းနှိပ်စက်သူအား အမှုဖွင့်အရေးယူထား

နေပြည်တော်၊ နိုဝင်ဘာ ၆

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဦးဆန်းကိုကို(၄၀)နှစ်(ရာအိမ်မှူး)သည်ချယ်ရီလမ်း၊ အမှတ် (၁၃၀)၊ ဒုတိယထပ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်သူ အသက်(၁၃)နှစ်ခန့် မိန်းကလေးတစ်ဦးအား အိမ်ရှင်ဖြစ်သူ မသိင်္ဂီထွန်း(၃၃)နှစ်ကညှင်းပန်းနှိပ်စက်ထားသဖြင့် ဒဏ်ရာများရရှိထားကြောင်းသတင်းအရ သွားရောက်ခဲ့ရာ မအေးသန္တာ(၁၃)နှစ်အားတွေ့ရှိရ၍ မေးမြန်းခဲ့သည်။

မေးမြန်းချက်အရ ၎င်းမျက်နှာတွင် ရရှိထားသည့် ဖူးရောင်ဒဏ်ရာများမှာ နိုဝင်ဘာလ ၅ ရက်နေ့တွင် မသိင်္ဂီထွန်းကခြေထောက်ဖြင့်ကန်၍ ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်း၊ယာဒူးတွင် ရရှိထားသည့် ညိုမဲဒဏ်ရာဟောင်းမှာလွန်ခဲ့သော(၁)နှစ်ခန့်က မသိင်္ဂီထွန်းက မီးပူနှင့် ကပ်၍ရရှိထားသော ဒဏ်ရာဖြစ်ကြောင်း၊ ဝဲ/ယာလက်မောင်းနှင့် ဝဲယာလက်ကောက်ဝတ်များအနီး ရရှိထားသောပြတ်ရှဒဏ်ရာဟောင်းမှာ လွန်ခဲ့သော(၂)လခန့်က ဓားဖြင့်မွှန်း၍ ရရှိသောဒဏ်ရာ ဖြစ်ကြောင်း၊

ကျောတွင်ရရှိထားသော ညိုမဲဒဏ်ရာဟောင်းမှာ ရေနွေးပူဖြင့်လောင်း၍ရရှိခဲ့သော ဒဏ်ရာဖြစ်ကြောင်း၊ ဦးခေါင်းဝဲ/ယာချိုစောင်းတွင် ရရှိထားသောပြတ် ရှဒဏ်ရာ အမာရွတ်ဟောင်းမှာဓားဖြင့်ခုတ်၍ ရရှိခဲ့သည့် ဒဏ်ရာဟောင်းဖြစ်ကြောင်းပြောပြသိရှိရပြီး မအေးသန္တာမှာ အင်းစိန် ဆေးရုံတွင်အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် တက်ရောက် ကုသလျက်ရှိသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရမသိင်္ဂီထွန်းအား ဘုရင့်နောင်နယ်မြေရဲစခန်း မှ အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)

Loading...

Facebook Comments