YBSယာဉ်ပေါ်တွင် ခါးပိုက်နှိုက်များအား ဖမ်းဆီးရမိ

ရန်ကုန် နိုဝင်ဘာ ၎

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကYBSယာဉ်ပေါ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ခါးပိုက်နှိုက်မှုများဖြစ်ပွား လေ့ရှိသောYBS ယာဉ်လိုင်းအမှတ် ၇၆ ပေါ်စီးနင်းလိုက်ပါစောင့်ကြည့်စဉ်YBSယာဉ်လိုင်းအမှတ် ၇၆ ယာဉ်ပေါ်မှ ဆင်းလာသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁ဝ၄ ရပ်ကွက်နေသူများဖြစ်သည့် ရာကျော်လမ်းနေ မျိုးအောင် (ခ)တရုတ်လေး၊ ရွှေလင်းယုန်လမ်းနေ အောင်အောင်နှင့် ၁ဝ၅ ရပ်ကွက် ရိုးမရိပ်သာလမ်းနေ ဝင်းနိုင်ထွန်းတို့ကို ရှာဖွေစစ်ဆေးရာ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၂၁၂ဝဝ တို့ကို တွေ့ရှိသိမ်းဆည်းရမိ၍ စစ်မေးရာYBSယာဉ်လိုင်းအမှတ် ၇၆ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးထံမှ လက်ကိုင်ဖုန်းနှင့် ငွေများအား နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သော ကြောင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Loading...

Facebook Comments