ပိုင်ဖြိုးသုက ‘မီ’ ဖြစ်ခဲ့တယ်လို့မှတ်ချက်ပြု တဲ့ နေတိုး

‘မီ’ ဇာတ်ကားမရိုက်ကူး မီက ‘မီ’ ဇာတ်ရုပ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိသော်လည်းရုပ်ရှင် လာကြည့်ပြီးသည့် အချိန်တွင် ယင်းဝေဖန်မှုများပြေပျောက်သွား မည်ဟု နေတိုးကပြောသည်။

‘‘သရုပ်ဆောင်တွေကဇာတ် ကောင်တိုင်းကို သရုပ်ဆောင်ဖို့ ကြိုးစားကြရတယ်။ ‘မီ’ ရဲ့စိတ်ခံ စားမှုပိုင်းနဲ့ အက်တင်ပိုင်းက လည်းဘာမှပြောစရာမရှိဘူး။ ရုပ် ပိုင်းဆိုင်ရာဖက်ရှင်ပိုင်းနဲ့ ပတ် သက်ပြီးတော့လည်း ဘာမှပြော စရာမရှိဘူး။ သုသုက တကယ် ‘မီ’ ဖြစ်ခဲ့ပါတယ်’’ ဟု ၎င်းကပြော သည်။

ယင်းဇာတ်ကားတွင် နေတိုး နှင့် ပိုင်ဖြိုးသုတို့ ပါဝင်သရုပ် ဆောင်ထားခြင်းဖြစ်ပြီး စာရေး ဆရာမကြည်အေး၏ မီဝတ္ထုကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ် သည်။

‘‘ရုပ်ရှင်ဇာတ်ကားတွေက အမြဲတမ်း Commercial လိုင်းကို ပဲရိုက်နေမယ်ဆိုရင် ကျွန်တော် တို့ရုပ်ရှင်ရဲ့တာဝန်တစ်ခုကိုကျေ ပွန်တယ်လို့မမြင်ဘူး။ ဒီကားက တော့ ကျွန်တော်ကိုယ်တိုင်လည်း ရိုက်ချင်တဲ့ဇာတ်ကားတစ်ကား။  ကျွန်တော်တို့ရုပ်ရှင်လောကအ တွက်လည်း လိုအပ်တဲ့ဇာတ်ကား တစ်ကားကို ကြိုးစားခွင့်ရတာပါ’’ ဟု နေတိုးကပြောသည်။

ထို့ကြောင့် ၎င်းတို့၏ကြိုးစား မှုကို အသိအမှတ်ပြုသည့် အနေ ဖြင့် ပရိသတ်များက ယင်းဇာတ် ကားကို လာရောက်အားပေးစေ လိုကြောင်း နေတိုးကပြောသည်။

‘မီ’ ရုပ်ရှင် နမူနာတွင် ၎င်း၏ဆံပင်ပုံစံနှင့် ပတ်သက်၍   ဝေဖန်မှုများရှိခဲ့ရာ ယင်းနှင့်ပတ်သက်၍ နေတိုးက ‘‘ပြန်ကြည့်တဲ့အချိန်မှာတော့ အဆင်ပြေနေတယ်။အဲဒီခေတ်အချိန်အခါမှာ ဖြစ်လေ့ဖြစ်ထိုက်တဲ့ဆံပင်ကို  ရွေးချယ်လိုက်တာ။ ဆီကို ပြောင်အောင်လိမ်းလိုက်တော့ ဆံပင်တုနဲ့တူတယ်လို့ထင်သွားတာ’’ ဟု  ပြောသည်။

‘မီ’ ရုပ်ရှင်ကို နိုဝင်ဘာ ၉ ရက်ကစတင်၍ ရန်ကုန်၊ မန္တလေး အပါအ၀င်နယ်မြို့ရှိ ရုံများတွင် စတင်ပြသမည်ဖြစ်သည်။

Credit: 7Day

Loading...

Facebook Comments