ရေနီစက္ကူ စက်ရုံသွား ကွန်ကရစ်ကားလမ်းနံဘေး မိန်းကလေးတစ်ဦးအသတ်ခံရမှုမှကျူးလွန်သူကိုဖမ်းမိ

ရေတာရှည် နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီစက္ကူစက်ရုံအဝင်ကွန်ကရစ်ကားလမ်းဘေးတွင် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့် ပြည့်တန်ဆာ လုပ်သည့် မိန်းကလေးတစ်ဦး ဓားဒါဏ်ရာများဖြင့် ဆေးရုံ ၌သေဆုံးသွားခဲ့သည့် လူသတ်မှုမှ မသင်္ကာသဖြင့်ဖမ်းဆီးထားသူက နိုဝင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီတွင်
ပြစ်မှု ကျူးလွန်ကြောင်းထွက်ဆိုဝန်ခံပြီဖြစ်သည်။

အမှုအကျဉ်းမှာ အခင်းဖြစ်နေ့ နံနက်ပိုင်း ၅ နာရီအချိန်ခန့် မပိုးပိုး (ခ)မစောသန္တာလွင် ၃၅ နှစ်သည် ရေနီမြို့နေ ကိုမျိုး(ခ)အုန်းသီး ၃၅ နှစ်အားဖုန်းဆက်၍ ဆိုင်ကယ်ဖြင့် လာခေါ်ရန်ဆက်သွယ်ခဲ့ကြောင်း ကိုမျိုး(ခ)အုန်းသီး ဆိုင်ကယ်ဖြင့် မပိုးပိုး ရှိရာ ကွန်ကရစ်လမ်းအတိုင်း ဝင် ရောက် လာစဉ် လမ်းမြောက်ဘက် ကြံခင်းနှင့်မလှမ်းမကမ်း စိန်ပန်းပင်နှင့်ဓာတ်တိုင်အကြား၌ တွေ့ရကြောင်း ထိုသို့နှစ် ယောက်တွေ့ချိန် မပိုးပိုး က ဖုန်းဆက်သည်ကိုမကိုင်ရ ကောင်းလားဟု စိတ်ဆိုးပြီး ကိုမျိုး အားဆဲဆိုခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည် ၎င်းတို့နှစ်ဦး လုံးလား ထွေးလားဖြစ်နေချိန် အခြားသော မိန်းကလေး သုံးယောက်မှာ စက္ကူစက်ရုံးအဝင်လမ်းပေါက်ဝ တံတားအနီး၌ရှိနေကြပြီး ကားမီးရောင်ဖြင့်မြင်တွေ့ရခြင်းဖြစ် ကြောင်း ကိုမျိုး(ခ)အုန်းသီး က အသင့်ဆောင်ယူလာသော ဓားဖြင့် ထိုးခဲ့ပြီး မပိုးပိုး လဲကျသွားခဲ့စဉ် မပိုးပိုး က ဆေးရုံပို့ပေးရန်ပြောသဖြင့် ကိုမျိုး(ခ)အုန်းသီးက တံတားနားတွင်ရှိနေသော မစိုးစိုး ကိုလှမ်းခေါ်၍ မြို့လှ ဆေး ရုံသို့တင်ပို့ပေးခဲ့ပြီး ဆေးရုံအရောက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ကိုမျိုး(ခ)အုန်းသီးအနေဖြင့် ထောင်ကျ ဘူးသူဖြစ်ခြင်းကြောင့် အမျိုးမျိုးလိမ်ငြာ ငြင်းဆိုခဲ့သော်လည်း အမှုစစ်ဆေးသူ၏ ကျွမ်းကျင်လိမ္မာပါးနပ်မှုကြောင့် အမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

သတင်းဓါတ်ပုံ – ကိုလွင် – ဆွာ

Loading...

Facebook Comments