မင်းသွေးကို အကယ်ဒမီရစေချင်တဲ့ သြရသ

အောက်တိုဘာ ၃ ရက် က ကွယ်လွန်ခဲ့သည့် သရုပ် ဆောင် မင်းသွေးကို ‘မုန်းစွဲ’ ဇာတ်ကားထဲမှ ထူးမော်ကာရိုက်တာဖြင့် အကယ်ဒမီရစေလိုကြောင်း အဆိုပါ ဇာတ်ကားပုံဖော်ရိုက်ကူးသည့် ဒါရိုက်တာ ဩရသက ပြောသည်။

‘‘မင်းသွေးက မုန်းစွဲကားထဲ က ဇာတ်ကောင် ကာရိုက်တာအတွက် အများကြီး ကြိုပြင်ဆင်ခဲ့ တယ်။ ဇာတ်ကောင် Mood မွေးတာကအစ အပြင်မှာပါ အဲဒီဇာတ်ကောင်စရိုက်နဲ့ပဲ နေခဲ့တယ်။ အဲဒီအပေါ်မှာလည်း သူတော်တော် လေး ရူးသွပ်ပြီး ကြိုးစားခဲ့တယ်။ ရိုက်တဲ့အချိန်မှာလည်း တကယ် ကောင်းခဲ့တယ်။ ကားဆက်ပြီး ပြန်ကြည့်တဲ့အခါမှာလည်း မင်းသွေး က တော်တော်လေးကောင်း တယ်။ နောက်ဆုံး အပွင့်လင်းဆုံး ပြောရရင် ငါကြည့်ဖူးတဲ့ မင်းရဲ့ ဇာတ်ရုပ်တွေထဲမှာ ဒီကောင်က အကောင်းဆုံးပဲဆိုပြီး ကျွန်တော် သူ့ကို ပြောခဲ့ဖူးတယ်။ သူက ပြန် နောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံတယ်တဲ့’’ဟု ၎င်းက ပြော သည်။

မုန်းစွဲဇာတ်ကားတွင် သရုပ် ဆောင် မင်းသွေးသည် လုပ်ချင်ရာလုပ်ပြီး လိုချင်သည်ကို ရအောင်ယူတတ်သည့် လူမိုက် ကာရိုက်တာဖြင့် ပါဝင်သရုပ်ဆောင်ထား သည်။

‘‘သူက မုန်းစွဲကို အရမ်း ကြည့်ချင်ခဲ့တယ်။ ကျွန်တော့်ကို လည်း ကြည့်ချင်တယ်လို့ ပြော တယ်။ ဒါပေမဲ့ သူလည်း မအား၊ ကျွန်တော်လည်း မအားနဲ့ ကြား ထဲမှာ သူ့ကို မပြဖြစ်ဘူးပေါ့။ နေတိုးကတော့ ကြည့်ပြီးသွားပြီ။ သူမဆုံးခင် တစ်ပတ်လောက်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဒါရိုက်တာကြီး ကြည့်ချင်တယ် တဲ့။ ကြည့်ချင်တယ်ဆိုရင် အခု လောလောဆယ် ဇာတ်လမ်းတွဲ ရိုက်နေတာမို့ အဲဒီဇာတ်လမ်းတွဲ ရိုက်ပြီးရင် တစ်ရက်ချိန်းပြီး ကြည့်ကြမယ်ဆိုပြီး ပြောခဲ့တယ်။ ဇာတ် လမ်းတွဲက ၂ ရက်နေ့မှာပြီးတယ်။ သူက ၃ ရက်နေ့မှာ ဆုံးတယ်။ သူ လုံးဝမကြည့်လိုက်ရဘူး။ အဲဒီအတွက် စိတ်ထဲမှာ ကျွန်တော်လည်း ထိခိုက်ရတယ်’’ဟု ဒါရိုက်တာ ဩရသက ပြောသည်။

‘မုန်းစွဲ’ ဇာတ်ကားတွင် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ဖွေးဖွေးနှင့် အေးဝတ်ရည်သောင်း တို့ အဓိက ပါဝင်သရုပ်ဆောင် ထားသည်။

‘‘မုန်းစွဲကားက ကျွန်တော် ရုပ်ရှင်ရိုက်လာတဲ့ သက်တမ်းတစ် လျှောက်မှာ ဘုန်းဘုန်းဟောတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ခုကို ရိုက်ကူးခွင့်ရတဲ့အတွက် အရမ်းလည်း ရိုက်ချင်ခဲ့တယ်။ အရမ်းလည်း ကျေနပ်ထားတဲ့ ကားဖြစ်ပါတယ်။ ရုံတင်ပြသတဲ့ အခါမှာလည်း ပရိသတ်ကြိုက်ကြ မယ်လို့ မျှော်လင့်ပါတယ်’’ဟု သရုပ်ဆောင် နေတိုးက ပြော သည်။

ယင်းဇာတ်ကားကို နိုဝင်ဘာ ၁၆ ရက်ကစ၍ မြန်မာနှင့် စင်ကာ ပူ နိုင်ငံတွင် တစ်ပြိုင်နက် ပထမဦးဆုံး ရုံတင်ပြသမည်ဖြစ်သည်။

Credit: Trend

Loading...

Facebook Comments