အကြိမ်(၂၀)မြောက် ကျပ်သိန်းတစ်သောင်းဆုကြီး ပဲခူးမြို့ မှ လေထိုးကျွတ်ဖာလုပ်ကိုင်သူ ဇနီးမောင်နှံ ဆွတ်ခူး

ရန်ကုန်၊ နိုဝင်ဘာ ၁ – နိုဝင်ဘာ ၁ ရက်တွင်ဖွင့်လှစ်ခဲ့သည့် အောင်ဘာလေ ထီဖွင့်ပွဲ၏ ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို့မှ လေထိုးကျွတ်ဖာလုပ်ကိုင်သူ ဇနီးမောင်နှံနှစ်ဦးတို့ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ မြို့သစ်(င)ရပ်ကွက် မြို့ပတ်တာလမ်းနေ ဦးစိန်ထွန်း နှင့်
ဒေါ်ဒေါင်းဇနီးမောင်နှံတို့မှ ကျပ်သိန်းတစ်သောင်းဆုကို သ-၃၅၉၇၇၃ ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ဆွတ်ခူးပေးခဲ့သည့်ထီ ဆိုင်မှာ ရွှေမြန်မာမဟာအောင်ကုဋေဟိန်းထီဆိုင်ကြီးမှ ဖြစ် ကြောင်း သိရသည်။

ရွှေမြန်မာမဟာအောင်ကုဋေဟိန်းထီဆိုင်ကြီးပိုင်ရှင် ဦးသိန်း ထွန်းက “ထီပေါက်သွားတာ အွန်လိုင်းမှာပြန့်နေတဲ့ ပဲခူးမြို့ကဆို တာ မှန်ပါတယ်။ ပဲခူးမြို့က ကျပ်သိန်းတစ်သောင်း ဆုပေါက်သွား တာပါ။
စက်ဘီးကျွတ်ဖာ၊ ဆိုက်ကားကျွတ်ဖာလုပ်တယ်လို့တော့ သိရပါတယ်။ အခုအချိန်ထိတော့ ကျွန်တော်တို့နဲ့အဆက်အသွယ်မရသေးပါဘူး ” ဟု နိုဝင်ဘာ ၁ ရက်က ဒီမိုကရေစီတူဒေးသို့ပြော သည်။

အဆိုပါကျပ်သိန်းတစ်သောင်းထီဆုငွေကို အောင်ဘာ လေသိန်းဆုဌာနခွဲအနေဖြင့် နိုဝင်ဘာ ၂ ရက်မှစတင်၍ နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားရှိကြောင်း သိရ သည်။

ဦးသိန်းထွန်းက ” ဒီလဆုပေါက်မဲတွေထဲမှာ ရွှေမြန်မာ ထီဆိုင်က ဆုမဲတော်တော်များများ ပါရှိပါတယ်။ ကျပ်သိန်း တစ်သောင်းဆုအပြင် ကျပ်သိန်းသုံးထောင်ဆု၊ ကျပ်သိန်း တစ်ထောင်ဆု၊ ကျပ်သိန်းငါးရာဆုအပါအ၀င် ဆုမဲတော် တော်များများလည်းပါရှိပါတယ် ” ဟုပြောသည်။

(၂၀)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်က ရန်ကုန်မြို့ ကျောက်တံ
တားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမတွင်
နံနက် ၈ နာရီမှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

TEEP/Democracytoday Yangon Media Group

Loading...

Facebook Comments