ချစ်မိသွားလို့ဆိုပြီး လက်ထပ်တော့မယ့် ရွှေရွှေစုံတွဲကို အားကျနေတဲ့ မင်းသမီးလေး ပိုးကြာဖြူခင်

မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် လူသိများအောင်မြင်လာပြီး ပရိသတ်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ” မိုးကောင်းကင် အိပ်မက်” ဇာတ်လမ်းတွဲလေးမှာ ဆိုင်းမိုင်အဖြစ် သရုပ်ဆောင်ထားတဲ့ ပိုးကြာဖြူခင်ကို ပရိသတ်တွေက ချစ်ခင်နေကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက ” ကြယ်ကလေးရဲ့ကောင်းကင်” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်လေးကို ရိုက်ကူးနေတာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲလေးက မကြာခင်မှာ မင်္ဂလာဆောင်ကြတော့မှာဖြစ်ကြောင်း အားလုံးကိုအသိပေး ကြော်ငြာလိုက်ကြပါတယ်။ အခုလို မြန်မြန်ဆန်ဆန် လက်ထပ်ကြတော့မှာဖြစ်တာကြောင့် ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ အံ့အားသင့်ခဲ့ရပါတယ်။ ချစ်မိသွားလို့ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုသာ ပေးလိုက်တဲ့ ရွှေရွှေစုံတွဲလေးကို မင်းသမီးလေး ပိုးကြာဖြူခင်ကလည်း အားကျနေတာ တွေ့ရပါတယ်။

ပိုးက သူမရဲ့ IG Account မှာ ရွှေရွှေစုံတွဲရဲ့ မင်္ဂလာပွဲဖိတ်စာပုံလေးကို ပြန်တင်ပြီး အားကျကြည်နူးနေတာ ဖြစ်ပါတယ်။ ရွှေမှုန်တို့စုံတွဲလေးရဲ့လက်ထပ်ရခြင်း အကြောင်းပြချက်လေးအပေါ် ပိုးက ” ချစ်မိသွားလို့တဲ့ ငါရော ……….. ဘယ်တော့ချစ်မိမှာလဲ? ” ဆိုတဲ့ ပြောထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ပိုးက သူမအချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ချစ်သူမရှိသေးတဲ့ Single ကောင်မလေးတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Source:Poe Kyar Phyu Khin ig;

 

Loading...

Facebook Comments