ဆယ်လ်ဖီရိုက်ရင်း တောင်ထိပ်ပေါ်က ပြုတ်ကျသေဆုံးတဲ့ စုံတွဲ

လော့စ်အင်ဂျလိစ်၊ အောက်တိုဘာ ၃၁

အိန္ဒိယနိုင်ငံသား စုံတွဲတစ်တွဲသည် ကယ်လီဖိုးနီးယားပြည်နယ် ယို့စ်မိုက် အမျိုးသားဥယျာဉ်တွင်းရှိ တောင်ထိပ်တစ်ခုမှ ပြုတ်ကျသေဆုံးခဲ့ရာ ဆယ်လ်ဖီဓာတ်ပုံရိုက်ရင်း ထိုသို့ပြုတ်ကျရခြင်းဖြစ်နိုင်ကြောင်း ကျန်ရစ်သူမိသားစုဝင်တစ်ဦးကပြောသည်။

သူတို့နှစ်ဦးသည် တောင်ထိပ်ပေါ်တွင် အမှတ်တရ ဆယ်လ်ဖီဓာတ်ပုံရိုက်ရင်း ထိုသို့ပြုတ်ကျရသည်ဟု ယုံကြည်ကြောင်းကို ၀ိဆွာနတ်သ် ၏ အစ်ကိုဖြစ်သူကလည်း အိန္ဒိယနိုင်ငံရှိ မီဒီယာများအားပြောခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသား ခရီးသွားဘလော့ဂါများဖြစ်ကြသော ၀ိရှနူးဝိဆွာနတ်သ်(၂၉နှစ်)နှင့် မီးနက်ရှီမူသီး(အသက် ၃၀)တို့နှစ်ဦးသည် အဆိုပါ အမျိုးသားဥယျာဉ်တွင်းရှိ တပ်ဖ် တောင်ထိပ်ပေါ်မှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။ သူတို့၏ ရုပ်အလောင်းများကို ဥယျာဉ်လုံခြုံရေးများက ကြာသပတေးနေ့(အောက်တိုဘာ ၂၅)နေ့က ရှာဖွေတွေ့ရှိခဲ့သည်။

သူတို့နှစ်ဦးပြုတ်ကျသော တောင်ထိပ်မှာ မြေပြင်မှ ၂၄၅ မီတာအမြင့်ရှိသည်။

ယခုဖော်ပြထားသောဓာတ်ပုံမှာ ယင်းတောင်ထိပ်တွင် ရိုက်ထားသောဓာတ်ပုံဖြစ်ပြီး ၀ိဆွာနတ်သ်၏ ဖေ့စ်ဘုတ်တွင် တင်ခဲ့သောနောက်ဆုံးဓာတ်ပုံဖြစ်ပြီး သူတို့နှစ်ဦး၏ မိတ်ဆွေစုံတွဲကရိုက်ပေးခဲ့သောပုံဖြစ်သည်။

“ကျွန်မအထင်တော့ ဒါဟာ သူတို့ရဲ့ နောက်ဆုံးဓာတ်ပုံပဲဖြစ်မယ်ထင်တယ်။ အဲဒီနေ့မှာပဲ သူတို့ တောင်ပေါ်ကပြုတ်ကျသွားခဲ့ကြတာလေ”ဟု ယင်းမိတ်ဆွေစုံတွဲမှ အမျိုးသမီးဖြစ်သူ မစ္စ လာဂွီလိုကပြောသည်။

ဝိဆွာနတ်သ်တို့နှစ်ဦးသည် တောင်ထိပ်ဖျားများပေါ်တွင် ဓာတ်ပုံရိုက်ရသည်ကို ပျော်ရွှင်နှစ်သက်ကြကြောင်းလည်း သူမကပြောသည်။

“အဲဒီဓာတ်ပုံရိုက်ပေးခဲ့ပြီး နေမ၀င်ခင် နာရီဝက်လောက်အလိုမှာ တောင်ပေါ်က ကျွန်မတို့ဆင်းလာခဲ့ကြတာပဲ”ဟု မစ္စလာဂွီလိုကပြောသေးသည်။

ယခုနှစ်အတွင်းဝယ် ကမ္ဘာတစ်ဝန်းတွင် ဆယ်လ်ဖီဓာတ်ပုံရိုက်ရင်း သေဆုံးသူ ၂၅၉ ဦးခန့်ရှိကြော်း စစ်တမ်းတစ်ခုကဆိုထားသည်။

Loading...

Facebook Comments