တောင်ဥက္ကလာပမြို့နယ် Dr’s choice online storeတွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ Dr’s choice online storeတွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု ဖြစ်ပွားတစ်ရပ် ယနေ့(နိုဝင်ဘာ ၁) နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း storeမှာ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းနှင့် သုမင်္ဂလာကြား၊ ပါရမီလမ်းမပေါ်တွင်ရှိပြီး နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်က ငွေတောင်းဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓားပြတိုက်မှုနှင့် ပတ်သက်၍ တောင်ဥက္ကလာပ မြို့မရဲစခန်းသို့ အကြောင်းကြားထားကြောင်း ယင်း store ကသတင်းထုတ်ပြန်ခဲ့သည်။

“ပါရမီလမ်းမပေါ်ကား လုံးဝမပြတ်ပါဘူး။ CCTV တပ်ထားပါတယ်။ ဒါတောင် နေ့ခင်းကြောင်းတောင်ကြီးပါ။ ဆိုင်က Aircon ခန်းဖြစ်လို့ မှန်လုံနေတာရယ်၊ ဆိုင်က ဝန်ထမ်း မိန်းကလေး ၃ ယောက်ရှိသော်လည်း သူ့ဓားအရှည်ကို ကြောက်တာရော၊ ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်ကာဆိုင်မှ မနက်ပိုင်းရောင်းရငွေ အနည်းငယ်သာ ပါသွားပါတယ်။ ဒါပေမယ့် ဆွဲကြိုး ချွတ်ခိုင်း ပိုက်ဆံ ထပ်တောင်းသော်လည်း ဘယ်သူမှ ဆွဲကြိုးလက်ကောင်မဝတ်ထားလို့ ကံကောင်းခဲ့သော်လည်း ပါရမီ လမ်းမကြီးပေါ် နေ့ခင်းကြောက်တောင်ကြီး ဓားနဲ့ ထောက်ရလောက်အောင် မင်းမဲ့စရိုက် များ စိုးသထက် ဆိုးဝါးလာကြောင်းပါ”ဟုလည်း ယင်း store၏ ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

Credit : http://newswatch-mm.com

Loading...

Facebook Comments