လူ့လောကကြီးထဲကထွက်ခွာသွားတာ ၄နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပရိသတ်တွေမေ့နေကြတဲ့ အနုပညာရှင်တစ်ဦး

တစ်ခေတ်တစ်ခါက အက်ရှင်ကားတွေရိုက်ကူးပြီး နယ်ပရိသတ်ရဲ့ချစ်ခင် အားပေးမှု အပြည့် ဝရရှိခဲ့တဲ့ အက်ရှင်မင်းသား ဂျွန်ကို ကိုတော့ ပရိသတ်တွေ မှတ်မိဦးမယ်ထင် ပါတယ် ။ ဖိုက်တင် ခန်းတွေမှာ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ဂျွန်ကိုတစ်ယောက် ပရိသတ်တွေကို ခွဲခွာပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာ ခုဆိုရင် ၄နှစ်တိုင်တိုင် ရှိခဲ့ ပြီဖြစ်ပါတယ် ။ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပေမယ့် ပရိသတ်တွေရဲ့ရင် ထဲမှာ တော့ ထင်ကျန်နေဆဲ ဘဲ ဖြစ်ပါတယ် ။

ဒီနေ့ကတော့ အက်၇ှင်မင်းသား ဂျွန်ကိုရဲ့ ဘဝတစ်ပါးကူးပြောင်းခဲ့တာ ၄ နှစ်ပြည့် အထိမ်း အမှတ်အနေနဲ့ အက်ရှင်မင်းသား နေထူးနိုင်ရဲ့ သူ့ရဲ့ဇနီးဖြစ်သူ မမြသင်းခြယ်က အိမ်မှာ သင်္ဃာတော်တွေကို မုန့်ဟင်းခါး ဆွမ်းကပ်ပြီး သင်္ကန်းပရိက္ခရာ တွေလှူဒါန်းပေးခဲ့တယ် လို့သိရပါတယ် ။ ” မောင်လေးဂျွန်ဂို ခွဲခွါသွားတာ(၄)ပြည့်အလျှူ အတွက် မုန့်ဟင်းခါး ဆွမ်း ကပ်ဖို့ မမကိုယ်တိုင်ချက်နေပါတယ် မောင်လေးသာဓုခေါ်နိုင်ပါစေ…

မွေးနေ့အလျှူလေးသာဖြစ်လိုက်ပါလားမောင်လေးရယ် ” ဆိုတဲ့စာသားနဲ့အတူ ဝမ်းနည်း ကြေကွဲ ဖွယ်ရေးသားထားတာ တွေ့မြင်ရပါတယ် ။

သက်ရှိထင်ရှားဘုရားရှင်ကိုယ်တော်မြတ်အားမောင်လေးအတွက်ရည်စူးပြီး မုန့်ဟင်းခါး ဆွမ်းကပ်ဆရာတော်အရှင်မြတ်များအားမောင်လေးကိုရည်စူးပြီး အာရုံမုန့်ဟင်းခါးဆွမ်းကပ် လျှူဖွယ်ဝထ္ထုတို့ကိုလျှူဒါန်းပါတယ်ဤကောင်းမှုကုသိုလ်တို့ကို မောင်လေးချစ်မိုး အောင်နဲ့ တကွ အားလုံးအမျှ အမျှ အမျှ …. ဆိုပြီး သူမတို့ဇနီးမောင်နှံရဲ့ ဂျွန်ကိုအတွက် ရည်စူး ပြီး ပြုလုပ်ခဲ့တဲ့အလှူအတွက် အမျှဝေကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့တာဘဲ ဖြစ်ပါတယ် ။

Source : Mya Thin Chal

Loading...

Facebook Comments