နေပြည်တော်တွင် ကုမ္ပဏီပိုင်ရှင်အမျိုးသမီးတဦးအား မီးရှို့သတ်သွားသူ တရားခံကို ဖမ်းဆီးရမိ

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာ (၂) ၊ ကျွန်းချောင်း(၂) လမ်းရှိ နေအိမ်ခြံဝင်းတခုတွင် ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးသည် ရေချိုးခန်းအတွင်း ဒူးအထက်ပိုင်းခန္ဓာကိုယ်တခုလုံး မီးလောင်ကျွမ်းပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရှိခဲ့သည်။

အောက်တိုဘာ ၂၈ ရက်နေ့က ကိုအောင်ကျော်ဦးနှင့် ဇနီး မသန္တာစိုးတို့သည် မီးပူးတိုက်ပြီးသော အဝတ် အထည်များ ပြန်ပေးရန်အတွက် အမှတ် (၂၀၄၂) ရှိ AUNG MYIN CHAN THAR CONSTRUCTION, WE & WE INTERIOR DESIGN DECORATION CO.,LTD သို့ရောက်ရှိစဉ် ခြံဝန်းတံခါးဖွင့်ထားပြီး အိပ်ခန်းအတွင်း မီးခိုးများထွက်နေသည်ကိုတွေ့ရှိရသည့်အတွက် ရေမီးတာဝန်ခံ ကိုမော်ကြီးထံသို့သွားရောက်ခေါ်ဆောင်ပြီး ပြသခဲ့ရာ ကိုမော်ကြီးက အိမ်ခန်းအတွင်းဝင်ရောက်၍ မီး Main ခလုတ်များကိုပိတ်ပြီး လိုက်လံကြည်ရှုစဉ် ဒေါ်ခင်ထွေးဝင်းသန်းသည် ဒူးအထက်ပိုင်း မီးလောင်ပြီး သေဆုံးနေသည်ကို စတင်တွေ့ရှိ ခဲ့ကြခြင်းဖြစ်သည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဘုရားကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ ဥတ္တရသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကုမ္ပဏီဝန်ထမ်း ဆောက်လုပ်ရေးကန်ထရိုက်၊ ဇမ္ဗူသီရိမြို့ ရေမီးတာဝန်ခံကိုမော်ကြီး (ခ) ကိုကျော်ဇေယျာဝင်းတို့နှင့်အတူ သွားရောက်ကြည်ရှုစစ်ဆေးခဲ့ရာတွင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးမှာ ရေချိုးခန်းအတွင်း ပက်လက်အနေအထား ဒူးအထက်ပိုင်းခန္ဓာကိုယ်တခုလုံး မီးကျွမ်းသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး၊ ရေချိုးခန်းအတွင်း ဘိုထိုင်အိမ်သာခွက်ဘေးတွင် သွေးကွက်များနှင့် ရေချိုးခန်းဝင်ပေါက်တံခါးနှင့် နှစ်ပေခန့်အကွာကြမ်းပြင်တွင် သွေးစက်အနည်းငယ် တွေ့ရှိကြောင်း၊ မီးလောင်မှုကြောင့် ရေချိုးခန်းအတွင်း မီးခိုးမှိုင်းများပေကျံလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းသေဆုံးမှုနှင့်ပတ်သက်ပြီး ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၂/ ၂၀၁၈ ၊ (ပ) ၆၆/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း၊ ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးအား မီးရှို့သေစေသူအား စုံးစမ်းဖော်ထုတ်လျက်ရှိခဲ့ရာ ယနေ့ နံနက် ၇:၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

ယမန်​နေ့က ( ၂၉၊ ၁၀ ၊ ၂၀၁၈ ) ​နေပြည်​​တော်​​ကောင်​စီနယ်​​မြေ ဥတ္တရသီရိမြို့နယ် အမျိုးသမီးတစ်​ဦးအား ​နေအိမ်​တွင်​ မီးရှို့ လူသတ်မှုမှ တရားခံအား နေပြည်တော်ရဲတပ်ဖွဲ့မှ ယ​နေ နံနက်​ ( ၀၇ ၃၀ ) နာရီအချိန်​တွင်​ ဖမ်းဆီးရမိပြီ ဖြစ်​​ကြောင်း သတင်းရရှိပါသည်​။လူသတ်​တရားခံမှာအဆိုပါအမျိုးသမီး၏ ယာဉ်​​မောင်း ဖြစ်​​ကြောင်း သိရှိရပါသည်​။

သတင်း ​နေပြည်​​တော်​တိုင်း ရဲတပ်​ဖွဲ့မှ ဖုန်းဖြင့်​ သတင်း​ပေးပို့ချက်​အရ အလုပ်​ဖြုတ်​ခံရ၍ အလုပ်​ပြန်​လည်​​ခန့်​​ပေးရန်​ ​ပြောဆိုရာမှ စကားများပြီး တွန်းလိုက်​ရာ နံရံနှင့်​ ​ခေါင်းရိုက်​မိပြီး ​သေဆုံး ၊ ​သေဆုံးပြီးမှ အရက်​ နှင့်​​လောင်းပြီး မီးရှို့သိဟု သိရှိခဲ့ရပါသည်။

Credit-Myint Khine

Loading...

Facebook Comments