အမုန်းတွေခေါက်ထားလိုက် ရုပ်ရှင်အထူးပြပွဲကို အတူစုံတွဲ တတ်ရောက်လာတဲ့ နေတိုးရဲ့မိုးဟေကို

ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် သတ်မှတ်ခံထားရတဲ့ ထိပ်တန်းအနုပညာရှင်နှစ်ဦးကတော့ မင်းသားနေတိုးနဲ့ မင်းသမီးချောမိုးဟေကိုတို့ပဲ ဖြစ်ပါတယ်..။

ခုတစ်ခါမှာလည်း ပြည်သူ့အချစ်တော်သူတို့နှစ်ယောက်ကိုတော့ လိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ ပြန်လည်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်..။

မကြာခင်ပြသတော့မယ့် “အမုန်းတွေခေါက်ထားလိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ စုံတွဲလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ယနေ့အောက်တိုဘာ(၂၂)ရက်နေ့လေးမှာတော့ ရုပ်ရှင်အထူးပြပွဲလေးကို နှစ်ယောက်လုံးအတူ တတ်ရောက်လာခဲ့တာလည်း တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော်မင်းသားနေတိုးကတော့ ညီလေးမင်းသွေးကွယ်လွန်ပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူ့အသည်းကျော် မင်းသမီးချောလေးမိုးဟေကိုနဲ့အတူ အခမ်းအနားပွဲလေး တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ “အမုန်းတွေခေါက်ထားလိုက်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုပ်ရှင်အထူးပြပွဲကိုတော့ ယနေ့အောက်တိုဘာ(၂၂)ရက်နေ့မှာပဲ ရန်ကုန်၊ JCGV Junction City မှာ ကျင်းပခဲ့ပါတယ်..။

“အမုန်းတွေခေါက်ထားလိုက်” အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာသားညီက ပုံဖော်ရိုက်ကူးထားကာ နေတိုး၊ မိုးဟေကိုနဲ့ အခြားအနုပညာရှင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြတာ တွေ့ရပါတယ်..။

Photo – Ria Bo Vich

Loading...

Facebook Comments