နောက်မိန်းမ ယူဖို့ လက်ရှိကိုယ်ဝန်သုံးလနဲ့ မိန်းမကို ညှင်းပန်းနှိပ်စက်တာ မခံနိုင်တော့လို့ မိန်းမဖြစ်သူမှ စိတ်နာနာနဲ့ ယောင်္ကျားကို ဓါးနဲ့ခုတ်သတ်မှု ဖြစ်ပွား

သူတို့ပိုက်ဆံရှိတယ် ကျမတို့ကဆင်းရဲပါတယ် အိမ်ထောင်ကျတာ လေးလပဲရှိသေးတာ ကိုယ်ဝန်ရကတည်းက သူနောက်မိန်းမတစ်ယောက်ယူဖို့ကြိုးစားနေ တော့ ကျမကိုကွာရှင်းခိုင်းတယ် …

ငွေဘယ်လောက်ပေးရပေးရပေးမယ် သုံးလရှိပြီဖြစ်တဲ့ကိုယ်ဝန် ကိုပျက်ကျအောင်အမျိုးမျိုးလုပ်တယ် တောလမ်းတွေမှာဆိုင်ကယ်ကို တစ်လကြမ်းမောင်းလိုမောင်း အရက်နဲ့ကျား၅ ကောင်ဆေးတွေ အတင်းတိုက်တယ် အမျိုးမျိုးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်လုပ်တာပါ

ဖြစ်တဲ့နေ့က ကျမဗိုက်ကိုခြေထောက်နဲ့နှစ်ခါကန်တယ် တောထဲ အိမ်မှာဆိုတော့ ဆွဲမဲ့သူမရှိဘူး ဓါးနဲ့ခုတ်ဖို့ရွယ်တယ် ကျမကြောက် ကြောက်နဲ့ပြန်လုံးတာ ဓါးကိုလုရင်း လည်ပင်းကိုအရင်ထိတယ် နောက် ဓါးကလက်ထဲရောက်လာတော့စိတ်နာနာနဲ့နောက်တစ်ချက်ခုတ်ပြီး ရွာ ထဲက အမေတို့အိမ်ကိုပြန်းပြေးလာခဲ့တာ လို့ ဆွာတိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဗိုက်ထဲကကိုက်ခဲသည့်ဝေဒနာကို ကြိတ်မှိတ်ခံစား ရင်း ပြောပြရှာသူ မဇင်မာဝင်း ၂၃ နှစ် ဇဝင်းကျေးရွာ ဆွာမြို့နေသူဖြစ် သည်။

ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် ရေတာရှည်မြို့ နယ် ဆွာ မြို့အနောက် မိုင် ၂၀ ခန့်အကွာ ဆန်တော်ပို့အုပ်စု ဇဝင်းကျေးရွာ လှည်းပွဲလေးကွင်း တွင် လင်မယားခြင်းစကားများကာ ဇနီးဖြစ်သူမှ ခင် ပွန်းဖြစ်သူ အောင်ကိုလတ် ၂၀ နှစ် ကို ဓါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

ကိုလွင်-ဆွာ

Loading...

Facebook Comments