ကားမီးလောင်မှုမှာ ပဌာန်းအကျိုးကြောင့် အသက်ဘေးမှ ထိခိုက်မှုမရှိထူးဆန်းစွာလွတ်မြောက်ခဲ့သူ

ပဌာန်းအကျိုးကြောင့် အသက်ဘေးမှ ထိခိုက်မှုမရှိလွတ်မြောက်ခဲ့သူ ၂၁.၁၀.၂၀၁၈ ရက်နေ့၊ ထိုင်းနိုင်ငံ၊ ကံဖယ်ဖစ်ခရိုင်မှာဖြစ်ပွားခဲ့တဲ့ ကားမီးလောင်မှုမှာ ထူးဆန်းစွာမည်သည့် ဒဏ်ရာမျှမရရှိဘဲ အသက်ဘေးနဲ့ကင်းဝေးခဲ့ သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်လွင်မိုးသူ အကြောင်းလေး ပြောပြပါရစေ။

မောင်လွင်မိုးသူဟာ …ရန်ကုန်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင်လာရောက် လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။ သတင်းကျွတ် ကာလ မိဘဆီပြန်အလာယခုကဲ့သို့ဆိုးရွားလှတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ အရှိန်ပြင်းလှတဲ့ ၎င်းမော်တော်ယာဉ်ဟာ သစ်ပင်ကိုဝင်တိုက်မိရာမှ ကားတွင်း ဆီကန်ပါ ကွဲသွားသဖြင့် အဆီများယိုဖိတ် မီလောင်မှုပါ ဆက်လက်ဖြစ်ပွားခဲ့ပါသည်။

ယာဉ်မောင်း အပါ လိုက်ပါသူ ၁၅ ဦးအနက် ၉ ဦး ချက်ချင်းဆုံး ၂ ဦးအပြင်းထန်ဒဏ်ရာရ၊ သာမာန်ဒဏ်ရာ ရသူ ၄ ဦးအနက် မောင်လွင်မိုးသူ ဆိုသူမှာ မည်သည့်ဒဏ်ရာမျှ မရှိဘဲ ပြုံးပြုံးရွှင်တွေ့ရတော့ အခင်းဖြစ်ကား ပေါ်မှ လူနာဟုပင် ယုံမှားစရာပင်ဖြစ်နေတော့သည်။ ယခုကဲ့သို့ မည်သည့်ဒဏ်ရာမျှမရဘဲ ဘေးအန္တရာယ်နဲ့ ကင်းဝေးရသည့် အကြောင်းရှိမည်ဟု ယူဆလျက် မေး
မြန်းခဲ့ပါသည်၊၊

ညီလေးအနေနဲ့ ကားပေါ်မှာ မည်ကဲ့သို့လုပ်ဆောင်နေသနည်း၊ မည်သည့် ဂါထာတွေရွတ်ဖတ်နေလို့ ဘာမှမဖြစ် သေဘေးမှလွတ်ရသနည်းဟု မေးမြန်းရာ ၎င်းအလုပ် သမားမှ ယခုစီးနှင်းလာသည့် ကားပေါ်သို့မတက်မီ အမေဖြစ်သူနဲ့ဖုန်းပြောဖြစ်ပါကြောင်း၊ မိခင်ဖြစ်သူမှ ၂၄ ပစ္စည်း ပဌာန်းကိုရွတ်ဖတ်ရန်နှင့် ရွတ်ဆိုနိုင်ခြင်းမရှိက ဖုန်းဖြင့်ဖွင့်၍ နားကြားရန် မှာကြားခဲ့ကြောင်း၊ မိမိအနေ ဖြင့် မိခင်မှာကြားသည့်အတိုင်း ပဌာန်းတရားကို ဖုန်းဖြင့် နားကြားလိုက်ပါခဲ့ကြောင်း၊

အခင်းဖြစ်ပွားရာတွင် ဒဏ်ရာရသူ ၄ ဦးမှ အသက်ရှင် ရန် ကားမှန်များကို အနာခံ ခွဲထွက်ခဲ့ရသော်လည်း ၎င်းအလုပ်သမားမှာ မီးလောင်နေသည့် ကားအပြင်ဘက်သို့ မည်သို့မည်ပုံ ရောက်ရှိမှန်း မသိလိုက်ကြောင်းဘေးအန္တရာယ်ကင်း ဝေးစွာ အကေါင်းပကတိအတိုင်း အသက်ရှင်ခဲ့ကြောင်း ပြောပြချက်အရ မည်သူတစ်ဦးတယောက်မျှ မစွမ်းဆောင်နိုင်သည့်အခြေအနေတွင် မြတ်စွာဘုရား ဟောကြားခဲ့ ပဌာန်းတရားတော် နာယူလိုက်တဲ့ကုသိုလ်ကြောင့် ဘေးအန္တရာယ်ကင်းရှင်းရခဲ့ကြောင်း ဗုဒ္ဓဘာဝင် သူတော်စင်များအနေဖြင့် အသက်အရွယ် ကြီးငယ်သည်မမှတ်ယူဘဲ ဗုဒ္ဓ၏ဆုံးမဩဝါဒ တရား တော်များ အချိန်အခါမလပ် နာယူကြာပါရန် စေတနာ ရှေ့ထား တိုက်တွန်းနှိုးဆော်လိုက်ပါသည်၊၊

တွေ့ဆုံမေးမြန်းသူ -အလုပ်သမားသံအရာရှိတစ်ဦး

Credit:ZinMoe

Loading...

Facebook Comments