ကလေးထိန်းမယ့် ရွှေထူး မရှိလို့ အမေကိုထမင်းခွံ့ကျွေးခိုင်းနေတဲ့ ရွှေမှုန်ရတီ

သူမ ကတော့ ရှုတင် မသွားခင် မိတ် ကပ်လိမ်းအပြီး ဗိုက်ဆာတာကြောင့် သူမရဲ့မိခင်က ထမင်းနယ်ကျွေးခဲ့တာဖြစ်ပါတယ်။ ဆံပင်တုတပ်ပြီး ပြင်ဆင်တာကို live လွှင့်ပြရင်း မိခင်ကကျွေးခဲ့တာဖြစ်ပြီး အခုသူမနေကောင်းသွားပါပြီလို့လည်း ပရိသတ်ကို အသိပေးခဲ့ပါသေးတယ်။ ဒီနေ့ရိုက်ရမယ့်အခန်းက မင်္ဂလာဆောင်အခန်းဖြစ်လို့ ဆံပင်ကို သေချာပြင်ဆင်တဲ့ပုံစံလေး ပြသခဲ့တာပါ။

ရွှေထူးဘယ်မှာလဲဆိုတဲ့ ပရိသတ်တွေရဲ့ အမေးကိုတော့ ကလေးထိန်းက အလုပ်သွားလုပ်နေတယ်လို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ သူမ live လွှင့်စဉ်ဝတ်ဆင်ထားတဲ့ ငှက်ပျောသီးအကျီကလည်း လူပြောများခဲ့တာ တွေ့ရပါတယ်။

ဆံပင်တုလေးနဲ့လှနေတဲ့ရွှေမှုန်နဲ့ သူမမိခင်တို့ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Credit to Media Geru

Loading...

Facebook Comments