ကားတိမ်းမှောက်မီးလောင်မှုကြောင့် သေဆုံးသူ မြန်မာနိုင်ငံသားများနစ်နာကြေး တစ်ဦးလျင် ဘတ်ငွေ (၃) သိန်းရမည်။

ထိုင်းနိုင်ငံတွင် ဗင်းကားတိမ်းမှောက်မီးလောင်မှုကြောင့် သေဆုံးရသူ မြန်မာနိုင်ငံသားများအား နစ်နာကြေး အဖြစ် တစ်ဦးလျင် ဘတ်ငွေ (၃) သိန်းရမည်။

October 21,2018

ထိုင်းနိုင်ငံ Khampangphet ကန်ဖင်ဖက် ပြည်နယ် အဝေးပြေး လမ်းမမှာ ဒီကနေ့ နံနက် ပိုင်းက လမ်းဘေး သစ်ပင်နဲ့ ဝင်တိုက်မိပြီး မီးလောင်သွားခဲ့တဲ့ ဓါတ်ငွေ့ သုံး ဗင်ကားပေါ်မှာ မြန်မာနိုင်ငံသား ၁၄ဦး ကားမောင်းသူတဦးစုစုပေါင်း (၁၅)ဦးလိုက်ပါလာခဲ့ပြီး သေဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံသား (၉ )ဦး( အမျိုးသမီး ၆ဦး အမျိုသား ၃ဦ)း ဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦး ဖြစ်ကြောင်း သိရပါတယ်။

မီးလောင်သွားခဲ့တဲ့ ကားဟာ အသက်အာမခံကြေး ပေးဆောင်ထားတာကြောင့် ဆေးကုတဲ့ကုန်ကျစရိတ်ကို အာမခံဌာနက ရှင်းပေးရမှာဖြစ်ပြီး သေဆုံးသူနဲ့  ဒဏ်ရာရသူတွေအတွက် တစ်ဦးကို ဘတ်ငွေ (၃)သိန်း (ကျပ်သိတ်း၁၂၀ကျော် ) အာမခံဌာနက နစ်နာကြေးပေးအဖြစ်ရမှာဖြစ်ပါတယ်။

ပထမပိုင်း စစ်ဆေးချက်တွေမှာ ဗင်ကားပေါ်မှာပါလာတဲ့ GPS မှတ်တမ်း ကို ကားမောင်းသူထိုင်းနိုင်ငံသား ကဖြတ်တောက်ထားခဲ့တာတွေ့ ရပြီး ကားဟာ အရှိန်မြင့် မောင်းခဲ့ပုံရကြောင်း ၊ကားပေါ်မှာလိုက်ပါလာသူ မြန်မာ နိုင်ငံသားတွေဟာ ထိုင်းမြန်မာ နယ်စပ် မြ၀တီ မြို့  မှာအလုပ်သမား လက်မှတ် သက်တမ်းတိုးကြမယ့် သူတွေဖြစ်ကြောင်း သိရပါတယ်။

SAW

Loading...

Facebook Comments