ဆုံးပါးသွားတဲ့ ညီလေးမင်းသွေးကိုရည်စူးပြီး ရွှေပါရမီတောရဆရာတော်ဘုရားနဲ့ အထူးတရားပွဲပြုလုပ်ကျင်းပမယ့် နေတိုး

မကြာသေးခင်ကမှ လူ့လောကကြီးက နှုတ်ဆက်ထွက်ခွာသွားတဲ့ အဆိုတော်၊သရုပ်ဆောင် မင်းသွေးကိုတော့ သူရဲ့ပရိသတ်တွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းက ယနေ့တိုင် မေ့မရနိုင်လောက်အောင် ကြေကွဲနေရဆဲ ဖြစ်ပါတယ်။ ရုတ်တရက်ကြီး ဆုံးပါးသွားတဲ့ ညီလေးမင်းသွေးကြောင့် အစ်ကိုဖြစ်သူနေတိုးတို့မိသားစုကလည်း ယူကြုံးမရခံစားနေရပြီး ကောင်းမှုကုသိုလ်တွေကိုလည်း နေ့စဉ်ပြုပေးနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နေတိုးကညီလေးအတွက် ကောင်းမှုကုသိုလ်အနေနဲ့ မှော်ဘီမြို့၊အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တစ်ပတ်တိတိ ရဟန်းဝတ်ပြီး ကုသိုလ်ပြုပေးခဲ့ပါတယ်။ အခုလည်း နေတိုးကဦးဆောင်ပြီး မင်းသွေးမဆုံးခင်က ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားရဲ့အဖွဲ့သားတွေက ကွယ်လွန်သူမင်းသွေးကို ရည်စူးပြီး ကုသိုလ်ဖြစ်တရားပွဲ ပြုလုပ်ပေးကြမယ်လို့ သိရပါတယ်။ ဒီတရားပွဲမှာတော့ နိုင်ငံကျော်ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာအဓိကမှ သံဝေဂတရားတော်မြတ်ကို ဟောကြားသွားမှာ ဖြစ်ပါတယ်။

ဆရာတော်ဟောကြားမည့် သံဝေဂနှလုံးသားတရားတော်မြတ်အား အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်တရားနိုင်စေရန်အတွက် နေတိုးက သူကိုယ်တိုင်ဖိတ်ခေါ်စကားပြောကြားခဲ့ပါသေးတယ်။ ဒီတရားပွဲကြီးကိုတော့ သီတင်းကျွတ်လပြည့်နေ့ (၂၄.၁၀.၁၈)၊ ည ၇နာရီခွဲတိတိမှာ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ဝင်းကွင်းအတွင်းမှာ ပြုလုပ်ကျင်းပမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသွေးကိုရည်စူးပြီး အထူးတရားပွဲပြုလုပ်ပေးတဲ့ နေတိုးကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ရှုဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source:မုန်းစွဲရုပ်ရှင်ကားကြီး;

Facebook Comments

Loading...

Facebook Comments