မထင်မှတ်ပဲ လက်မှတ်ထိုးလိုက်ရတဲ့အကြောင်း အသိပေးလိုက်တဲ့ အောင်မင်းခန့်

မိန်းကလေးတွေရဲ့အသည်းစွဲ နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်မင်းခန့်ကတော့ ယနေ့မှာ လက်မှတ်ထိုး စေ့စပ်လိုက်ပြီလို့သိရပါတယ်။ ဇာတ်လမ်းတွဲတွေရိုက်ကူးရာမှ ပရိသတ်တွေသတိထားမိလာပြီး အောင်မြင်လာတဲ့ သရုပ်ဆောင် အောင်မင်းခန့်ဟာ မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။

အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့် အောင်မြင်မှုတွေကို အတိုင်းအတာတခုထိရရှိထားတဲ့ သရုပ်ဆောင်အောင်မင်းခန့်တစ်ယောက် ယနေ့ မှာ ထင်မှတ်မထားပဲ လက်ထပ်လိုက်ပြီဆိုတဲ့အကြောင်း သူ့အကောင့်လေးမှာတင်ထားတာဖြစ်ပါတယ်။ အောင်မင်းခန့်က ” မထင်မှတ်ပဲ လက်မှတ်ထိုးလိုက်ရလို့စေ့စပ်လက်ထပ်ပွဲ သီးခြားမလုပ်လိုက်ရတဲ့အတွက် သူငယ်ချင်းမိတ်ဆွေ အားလုံးကို ကြိုပြီးတောင်းပန်ပါရစေ….မင်္ဂလာရက်ကတော့ ဝါကျွတ်အပြီး နိုဝင်ဘာလ ၃ဝ ရက်နေ့လောက်မှာဘိုကင်ယူထားတယ် Confirm တယ်ဆိုတာ သေချာရရင် ပြန်ပြောပေးပါ့မယ်အချိန်ကတော့ မနက်ပိုင်းဖြစ်ပါမယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ ပြောကြားထားပါတယ်။

ရန်ကုန်မှာရှိတဲ့ပရိသတ်တွေကိုလည်း ကြိုတင်ပြီးတော့ အောင်မင်းခန့်က ဖိတ်လိုက်ပါသေးတယ်။ အောင်မင်းခန့်တစ်ယောက် ပရိသတ်တွေကို တကယ်အတည်ပေါက်နဲ့ နောက်နေတယ်ဆိုတာကို အောက်ဆုံးမှာမှ သိလိုက်ရပါတယ်။” ရန်ကုန်မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ Facebook ပေါ်က ခင်မင်ရင်းနှီးသူများ အားလုံးကိုလည်း အခုကတည်းက ကြိုဖိတ်ပါရစေ… (နီးရင် ဖိတ်စာနဲ့တကွ လူကိုယ်တိုင်လာဖိတ်ပါဦးမယ်နော် )ဆောင်မယ့်သူက ဘယ်သူမှန်းမသိပါဘူးသူတို့အစားကူပြီးရှင်းပြတာလေရတယ်မလား ” ဆိုပြီး ပရိသတ်တွေကို တကယ်ရင်တုန်အောင် စနောက်လိုက်ပါတယ်။ အောင်မင်းခန့်ရေ ဒီလိုကိစ္စမျိုးတွေက စနောက်မကောင်းပါဘူးနော်။ မိန်းကလေးပရိသတ်တွေဘယ်လောက်တောင် စိုးရိမ်သွားလဲကွယ်….We Love Cele

Source-Aung Min Khant

Loading...

Facebook Comments