လာမည့်နှစ်တွင် မက်ဂရီဂေါ်နှင့် ထပ်မထိုးမီ ဂိုမီဒေါ့ဗ်နှင့် ဦးစွာထိုးသတ်မည်ဟု မေ၀ယ်သာပြော

အမေရိကန်လက် ဝှေ့ကျော်ဖလွိုင်းမေ၀ယ်သာက ၂၀၁၉ အတွင်း ခါဘစ်နာမာဂိုမီ ဒေါ့ဗ်နှင့် ကော်နာမက်ဂရီဂေါ်နှစ် ဦးစလုံးနှင့်ထိုးသတ်မည်ဟု ပြော သည်။

ရှုံးပွဲမရှိသော မေ၀ယ်သာ သည် ၂၀၁၇ ဩဂုတ်က မက်ဂရီ ဂေါ်ကို နိုင်ပြီးကတည်းက လက် ဝှေ့ထိုးခြင်းမရှိသေးဘဲ လာမည့် နှစ်တွင် ၎င်းနှင့်ထပ်မံထိုးသတ် မည်ဟု ပြောသည်။

ဘက်စုံသုံးကိုယ်ခံပညာရှင် မက်ဂရီဂေါ်ကို လက်ဝှေ့ကြိုး ၀ိုင်းထဲတွင် မေ၀ယ်သာကအနိုင် ယူခဲ့ပြီးနောက် နောက်ထပ်ထိုး သတ်လိုသည်ဟုပြောကာ ငွေအ များအပြားရရန် မျှော်လင့်နေ သည်။

မေ၀ယ်သာက ဂိုမီဒေါ့ဗ်နှင့် ထိုးသတ်မည့်ပွဲမှ ကန်ဒေါ်လာ သန်း ၂၀၀ ရမည်ဟုမျှော်လင့် ထားကြောင်း ပြောသည်။

‘‘ကျွန်တော်နဲ့ ဂိုမီဒေါ့ဗ်ရင် ဆိုင်ပြီးရင် မက်ဂရီဂေါ်နဲ့ကျွန် တော်ထိုးပါမယ်’’ ဟု မေ၀ယ်သာ (၄၁ နှစ်)က ပြောသည်။

လာ့စ်ဗီးဂတ်စ်မြို့တွင် ရုရှား ဘက်စုံသုံးကိုယ်ခံပညာရှင်ဂိုမီ ဒေါ့ဗ်က မက်ဂရီဂေါ်ကိုအနိုင်ရ ပြီးနောက် ရုရှားသမ္မတပူတင်က ၎င်းအားဂုဏ်ပြုခဲ့သည်။

မေ၀ယ်သာနှင့်ဂိုမီဒေါ့ဗ်တို့ သည်အွန်လိုင်းတွင်လည်း အချင်း ချင်းရန်စသောဖော်ပြမှုများဝေမျှ နေကြပြီး ဂိုမီဒေါ့ဗ်က မေ၀ယ် သာကို လက်သီးတစ်ချက်တည်း ဖြင့် အလဲထိုးပစ်မည်ဟု ကြုံးဝါး ထားသည်။

‘‘မက်ဂရီဂေါ်နဲ့ ကျွန်တော် တို့ရဲ့လက်ဝှေ့ပွဲဟာ တကယ့်ကို ရသမြောက်ပါတယ်။ အဲဒီလိုလူ တွေကြည့်ချင်တဲ့ပွဲကို ကျွန်တော် ထိုးသတ်သွားမှာပါ’’ ဟု မေ၀ယ် သာက ပြောသည်။

Credit:http://www.7daydaily.com

Loading...

Facebook Comments