ဆရာမရဲ့ဆိုင်ကယ်ရှေ့ရပ်ပြီး မဖွယ်မရာပြုလုပ်ပြကာ ဖုန်းနဲ့ ပိုက်ဆံအိတ်လုယူမှုဖြစ်ပွား

မူလတန်းပြဆရာမတစ်​ဦး​မောင်းနှင်​လာတဲ့ဆိုင်​ကယ်​​ရှေ့ရပ်​ကာ မဖွယ်မရာလုပ်ပြပြီး ဖုန်းနဲ့ပိုက်​ဆံအိတ်​လုယူ​ပြေးသွားတဲ့ အမျိုးသားကိုလိုက်လံဖမ်းဆီးနေတယ်လို့ မြိုင်​သာယာမြို့မရဲစခန်းက​ပြောပါတယ်​။

အဆိုပါဖြစ်စဉ်ဟာ ဒီကနေ့ မနက်​၉နာရီ​ကျော်​လောက်က မော်​လမြိုင်​မြို့ ​သွေးသောက်ရပ် ရဟန္တာ ၅၀၀အရပ်​မှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

မူလတန်းပြဆရာမတစ်​ဦးဆိုင်​ကယ်​စီးနင်းလာစဉ်​ အမည်​မသိအကျီ င်္အပြာ​ရောင်​ဝတ်​ဆင်​ထားသူဟာ ဆိုင်ကယ်ရှေ့ကနေ ပုဆိုးလှပြန်ပြီး မဖွယ်မရာလုပ်ပြကာ ဖုန်းနဲ့ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားတာဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။

အဲ့လိုမဖွယ်​မရာလုပ်​ပြတာ​ကြောင့်​ ဆရာမ​ဟာ ဆိုင်​ကယ်​ကို အရှိန်​မြှင့်​​ရှောင်​တိမ်း​မောင်းနှင်​စဉ်​ ကိုက်​၅၀အကွာမှာ ဆိုင်​ကယ်​လဲကျ​တိမ်းမှောက်​သွား​ကြောင်းနဲ့ ဆိုင်​ကယ်​တိမ်း​မှောက်​စဉ်​မှာ ဆိုင်​ကယ်​​ရှေ့ခြင်း​တောင်းထဲ ထည့်​ထားတဲ့ ဖုန်းနဲ့ ပိုက်​ဆံအိတ်​ကို ၎င်းဟာလုယူ​ပြေးသွားတာဖြစ်​ကြောင်းရဲကရှင်းပြပါတယ်။

တရားခံဟာ နီးစပ်​ရာ​လေယာဉ်​ကွင်းအနီးရှိ ခြုံပုတ်​ထဲကို ထွက်​​ပြေးသွား​ကြောင်းနဲ့ ဆိုင်​ကယ်​​မှောက်​(မစိုးရိမ်ရ)ဒဏ်​ရာရခဲ့တဲ့ ဆရာမကို ဘိုဘိုဝင်းအ​ရေး​ပေါ်ကယ်​ဆယ်​​ရေးယာဉ်​နဲ့ ​မော်​လမြိုင်​ပြည်​သူ့​ဆေးရုံကိုပို့​ဆောင်​​ပေးပြီးဖြစ်​ပါတယ်​။

ဆရာမဟာ မြိုင်​သာယာရဲစခန်းပိုင်​၊ ၆မိုင်​ ပုတလုကုန်းမူလတန်း​ကျောင်းမှာ စာသင်​ကြား​ပေး​နေတာဖြစ်​ကြောင်း မြိုင်သာယာရဲစခန်းမှ နယ်​ထိန်းရဲအရာရှိက ပြောပါတယ်။

သတင်းထပ်မံသိရှိသမျှကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

သီဟ
hoto – Bo Bo Win Rescue EMR

Loading...

Facebook Comments