ပုသိမ်မြို့နယ်အတွင်း ဆင်ဖမ်းမုဆိုးများအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သစ်တော်ပင်ကျေးရွာတွင် တရားမဝင် ဆင်ဖမ်းမုဆိုး ၃ ဦးအား ယနေ့(အောက်တိုဘာ ၁၈)တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တောဆင်ရိုင်းသတ်ဖြတ်မှု သတင်းအရ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အမှတ်(၄)အခြေစိုက် စခန်းမှ ဒုရဲအုပ်ဟိမ်းဇော်ထွန်း၊ သစ်တောဦးစီးဌာနမှ တောခေါင်းအောင်တင့်ခိုင် ဦးစီးသော ပူးပေါင်းအဖွဲ့သည် နယ်မြေကင်းလှည့်ဆောင်ရွက်ရန် စတင်ထွက်ခွာရာ ညနေ ၁ နာရီခွဲ အချိန်တွင် ချောင်းသာ-ငွေဆောင် ဆက်သွယ်လမ်း၊ မိုင်တိုင် အမှတ် ၂/၃တွင် မသင်္ကာသူ လူစိမ်း ၂ဦးကို တွေ့ခဲ့သည့်အတွက် စစ်ဆေးစဉ် ၁ဦးမှာ တောတွင်းသို့ ထွက်ပြေးခဲကြောင်းသိရသည်။

ကျန်ရှိသည့် ၁ ဦးမှာ စောထူးညော(၃၂နှစ်)၊ ခြေထောက်ကွင်းကျေးရွာနေသူဖြစ်ပြီး ၄င်း၏ လွယ်အိတ်အတွင်းမှ အရိုးအသွား တစ်ပေခန့်ရှိ ဓားမြှောင်တစ်လက်၊ ၈လက်မခန့်ရှိ စတီးဓားမြှောင်တစ်လက်၊ ပင်နီဆလင် ပုလင်းဖြင့်ထည့်ထားသော အဆိပ်ပုလင်း ၃ လုံးအားတွေရှိခဲ့ကြောင်း၊ ၄င်းမှ တောဆင်ရိုင်းသတ်ဖြတ်ရန်နေရာအား ပြသမည်ဟု ပြောဆိုခြင်းကြောင့် ဆက်​လက်​ထွက်​ခွာရာ ည​နေ၃ နာရီအချိန်တွင် သလပ်ခွကြိုးဝိုင်း၊ အကွက်အမှတ်(၅)တွင် ဝင်ရောက်ရှာဖွေစဉ်​ နိုင်ထက်ကျော်(၁၈နှစ်)၊ ကျော်ဘဟိန်း(၅၆နှစ်) ၂ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ သူများထံမှာ အဆိပ်ပုလင်း ၃ လုံး၊ သံဘောစိ ၉ လုံး၊ ရမ်းမှုတ် ၁ ပုလင်း၊ မီးကူးယမ်း ၃ ဗူး၊ ပြောင်းဝအကျယ် ၀.၅ လက်မခန့် တူမီးသေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ၄င်းတို့ ၃ ဦးအား သလပ်ခွာနယ်မြေရဲစခန်းမှ ရဲအုပ် ဝင်းမြင့်ထွန်းထံ လွှဲပြောင်းပေးအပ်ပြီး သလပ်ခွာဘိနယ်တာဝန်ခံ တောအုပ် အောင်လှိုင်မိုးက တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

TCM

Loading...

Facebook Comments