ပရိသတ်တွေ ဝိုင်းပြီးအားကျသွားရတဲ့ ဇနီးဖြစ်သူ အပေါ် ပိုင်ဇေရဲထွန်းရဲ့ အပြုအမူလေးတစ်ခု

သရုပ်ဆောင် ပိုင်ဇေရဲထွန်းဆိုတာ ယခုလက်ရှိအချိန်မှာ ပရိသတ်တွေ အားကျနှစ်ခြိုက်ရတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရသူပါ။

တခေတ်တခါက အနုပညာအလုပ်တွေနဲ့ အောင်မြင်မှုတွေရရှိထားခဲ့တဲ့ ပိုင်ဇေရဲထွန်းကတော့ အနုပညာအလုပ်တွေ မလုပ်တော့တာ ၃ နှစ်ကျော်လောက်ရှိနေခဲ့ပါပြီ။ ဗီဒီယိုဇာတ်ကားပေါင်းမြောက်မြားစွာကို ရိုက်ကူးခဲ့ပြီး ဗီဒီယိုလောကရဲ့ မင်းသားတစ်လက်လည်းဖြစ်ခဲ့ပါသေးတယ်။ အသားဖြူဖြူနဲ့ ရုပ်ရည် ပြေပြစ်လှတဲ့ပိုင်ဇေရဲထွန်းဟာ ကြော်ငြာတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးပါ။

လက်ရှိမှာတော့ ဇနီးဖြစ်သူကို အရမ်းဂရုစိုက်ပြီးချစ်တတ်တဲ့ ခင်ပွန်းသည်အဖြစ်ရပ်တည်နေတာဖြစ်ပြီး သားသား၊ မီးမီးတို့ရဲ့ ဖခင် အိမ်ထောင်ဦးစီးအဖြစ်လည်း ဦးဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ ဇနီးသည်ကို ဂရုစိုက်ပြီးချစ်တတ်တဲ့နေရာမှာတော့ တမူထူးခြားလွန်းလို့ ပရိသတ်တွေတော်တော်များများက ပိုင်ဇေရဲထွန်းရဲ့ ချစ်တတ်ပုံလေးကို သဘောကျနေကြရပါတယ်။

ယနေ့မှာလည်း ဗိုလ်တထောင်ဘုရားကို ရောက်ရှိနေတဲ့ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံ (၂) ယောက်ရဲ့ပုံလေးတွေက ပရိသတ်တွေကြား သဘောကျစရာဖြစ်နေပြန်ပါတယ်။ ရာသီဥတု ပူတဲ့ဒဏ်ကို အံတုနေရတဲ့ ဇနီးသည်အတွက် အပူလျော့သက်သာအောင် ဆံပင်လေးကို နောက်ကနေ မ ထားပေးတဲ့ ပိုင်ဇေရဲထွန်းရဲ့ ပုံရိပ်တွေကြောင့် သူတို့ဇနီးမောင်နှံရဲ့ တစ်ဦးပေါ် တစ်ဦး ချစ်မြတ်နိုးမှုတွေကို အသိအမှတ်ပြု သဘောကျနေခဲ့ကြတာပါ။

ဇနီးသည်အပေါ် အလိုက်တသိနဲ့ ချစ်နေတတ်တဲ့ ပိုင်ဇေရဲထွန်း

Photos-Zin Thae Naing
We Love Cele

Loading...

Facebook Comments