ဆရာဖြစ်သူအိမ်သာတက်ရင်း မိလ္လာကျွင်းထဲကျသွားတဲ့ ဖုန်းကို ဆင်းဆယ်ပေးတဲ့ ကျောင်းသား ၄ ဦး အောက်စီဂျင်ပြတ်လပ်ပြီး သေဆုံ

နတ်​​မောက်​၊​အောက်​တိုဘာ ၁၇

ကျူရှင်​ဆရာဖြစ်သူ အိမ်​သာတက်​ရင်း မိလ္လာကျွင်းထဲကျသွားတဲ့ ဖုန်းကို ဆင်းဆယ်ပေးတဲ့ ကျောင်းသား ၄ ဦးစလုံး ကျင်းထဲမှာ အောက်စီဂျင်ပြတ်လပ်လို့ သေဆုံးသွားခဲ့တယ်လို့ နတ်​​မောက်​မြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးကနေ အတည်ပြုသိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာလို့ နတ်​​မောက်​မြို့နယ်​ရဲတပ်​ဖွဲ့မှူးရဲ့ တာဝန်​ကျရဲအရာရှိတစ်​ဦးက ပေါ်ပြူလာနယူးစ်ကို ​ပြောပါတယ်​။

သေဆုံးခဲ့တဲ့ ​ကျောင်းသား​လေးဦးဟာ နတ်​​မောက်​မြို့နယ်​၊ဈေးကုန်းရွာ ရွှေပန်းတောကျေးရွာအုပ်စုမှာဖွင့်​လှစ်​ထားတဲ့ (——)ဘော်​ဒါ​ဆောင်​မှာ တက်​​ရောက်​ပညာသင်​ကြား​နေတာဖြစ်​ပြီး တက္ကသိုလ်ဝင်​တန်း​ကျောင်းသား ၂ဦး၊ ၉တန်းတစ်​ဦးနဲ့ ၈တန်း​ကျောင်းသားတစ်​ဦးတို့ဖြစ်​ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

“ဆရာက ဆင်းကောက်ခိုင်းတာတော့မဟုတ်ဘူး။ သူတို့ဟာသူတို့ ဆင်းကောက်ကြတယ်ပြောတယ်” လို့ ရဲစခန်းက ဆိုပါတယ်။

လက်​ရှိမှာ ​သေဆုံးသူ၎ဦးရဲ့ ရုပ်​အ​လောင်းကို နတ်​​မောက်​ရှိ​ရွှေပန်း​တောတိုက်​နယ်​ဆေးရုံကို ပို့​ဆောင်​ထားကြောင်းသိရပါတယ်။

ယင်းဖြစ်​စဉ်​နဲ့ ပတ်​သက်​ပြီး နတ်​​မောက်​မြို့မရဲစခန်းအ​နေနဲ့ ​သေမှု​သေခင်း အမှတ်​ ၃နဲ့ အမှုဖွင့်​ထား​ကြောင်း နတ်​​မောက်​မြို့နယ်​ရဲတပ်​ဖွဲ့ရုံးက​ပြောပါတယ်​။

သီဟ

Loading...

Facebook Comments