စာသင်​​နေတုန်း မိုးကြိုးပစ်​ချတာ​ကြောင့်​ မိုးကြိုးစက်ကွင်းမိပြီး ဆရာမတစ်​ဦးအပါအဝင်​ ​ကျောင်းသူ ၁၀ဦး၊ရွာသား အချို့ ဆေးရုံတက်ခဲ့ရ

တနသာင်္ရီ၊​အောက်​တိုဘာ ၁၆

တနသာင်္ရီတိုင်း သရက်ချောင်းမြို့နယ် ထဲက စာသင်ကျောင်းတစ်ခုမှာ စာသင်​​နေတုန်းမိုးကြိုးပစ်​ချတာ​ကြောင့်​ မိုးကြိုးစက်ကွင်းမိပြီး ဆရာမတစ်​ဦးအပါအဝင်​ ​ကျောင်းသူ ၁၀ဦးနဲ့ ရွာသားသုံးဦးထိခိုက်​ဒဏ်​ရာရရှိသွားတယ်လို့ သရက်​​ချောင်းမြို့မရဲစခန်းက​ပြောပါတယ်​။

မိုးကြိုးပစ်​ချလိုက်တဲ့​နေရာဟာ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေးရွာမှာရှိတဲ့ အ.ထ.က ခွဲ(တီတွတ်ပြင်)​ကျောင်း​ရှေ့က ​နေအိမ်​တစ်​လုံးပေါ်ကို ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သရက်​​ချောင်းမြို့မရဲစခန်းရဲ့ ဒုရဲအုပ်​​ကျော်​မင်းနိုင်​က မိုးကြိုးပစ်​တဲ့ ဖြစ်စဉ်ကြောင့် ပျက်​စီးဆုံးရှုံးမှုအကြီးအကျယ်​မရှိခဲ့​ကြောင်းနဲ့ ​နေအိမ်​ထဲက (မိုးကြိုးပစ်ခံရတဲ့ အိမ်)လူသုံးဦး နာကျင်​ဒဏ်​ရာ(မစိုးရိမ်​)ရရှိခဲ့တယ်​လို့​ပြောပါတယ်​။

“မ​နေ့ကဖြစ်​တာပါ။မိုးကြိုးပစ်ချတာက ​ကျောင်း​ရှေ့က အိမ်​​ကိုပစ်​ချတာ။မိုးကြိုးစက်​ကွင်းမိပြီး စာသင်​​နေတဲ့ဆရာမ​တွေနဲ့က​လေး​တွေကိုထိတာ”လို့ဒုရဲအုပ်​​ကျော်​မင်းနိုင်​က ရှင်းပြပါတယ်​။

ဖြစ်​စဉ်​မှာ ယမန်​​နေ့ နေ့လယ် ၂နာရီ၅၅မိနစ်​က သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေးရွာက​နေအိမ်​တစ်​လုံးကို မိုးကြိုးပစ်​ခဲ့​ကြောင်းနဲ့ ​နေအိမ်​​ရှေ့မှာ ရှိတဲ့​ကျောင်းအတွင်းဆီ အဖြူ​ရောင်​အလုံးကြီးဝင်​လာကာ ​ကျောင်းဆရာမအပါအဝင်​ ​ကျောင်းသူ ၁၀ဦး ကိုယ်၊လက်နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့တာဖြစ်​ပါတယ်​။

ထိုသို့ ရရှိခဲ့တာ​ကြောင့်​ မိုးကြိုးပစ်​ခံရတဲ့ အိမ်​မှာ​နေတဲ့လူသုံးဦးနဲ့ ဆရာမအပါအဝင်​ ၁၁ဦးကို သရက်ချောင်းပြည်သူ့ဆေးရုံဆီပို့​ဆောင်​​ပေးခဲ့ပြီး ယ​နေ့မှာ သက်​သာ​ပျောက်​ကင်းတာ​ကြောင့်​ ​ဆေးရုံက ပြန်​လည်​ဆင်းလာပြီလို့ ရဲက​ပြောပါတယ်​။

သီဟ

Loading...

Facebook Comments