မိသားစုဝင်​တစ်​​ယောက်​ ထပ်​တိုးလာ​တော့မယ်​လို့ ပရိသတ်​​တွေကို ​ကြေညာလိုက်​တဲ့ Rဇာနည်​နဲ့ ဝမ်း

အသံပါဝါ​ကောင်း​ကောင်းနဲ့ အမိုက်​စားသီချင်း​တွေကို သီဆို​လေ့ရှိတဲ့ အဆို​တော်​ Rဇာနည်​က​တော့ အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ဇနီး​ချော​လေးရယ်​၊ သား​ချော​လေးနှစ်​​ယောက်​ရယ်​နဲ့အတူ ​ပျော်​စရာ​ကောင်းတဲ့ မိသားစုဘဝ​လေးကို ဖန်​တီးပုံ​ဖော်​ထားတာပဲ ဖြစ်​ပါတယ်​။ ဒီ​နေ့​လေးမှာ​တော့ Rဇာနည်​က သူတို့မိသားစု​လေးထဲကို မိသားစုဝင်​​အသစ်​တစ်​​ယောက်​တိုးလာ​တော့မယ်​လို့ ပရိသတ်​​တွေကို ​ကြေညာခဲ့တာပါ။ သူတို့ဇနီး​မောင်​နှံနှစ်​ဦးရဲ့ မင်္ဂလာသတင်းကို​ကြားပြီး ပရိသတ်​​တွေသာမကပဲ အနုပညာရှင်​​တွေကလည်း ဂုဏ်​ပြု​ပေးခဲ့ကြပါ​သေးတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ မိသားစုဝင်​အသစ်​အတွက်​ ရင်​ခုန်​စိတ်​လှုပ်​ရှား​နေတဲ့ Rဇာနည်​ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်ပါတယ်​​နော်​။

Rဇာနည်​က​တော့ “ပရိသတ်ကြီးကို ကျွန်တော်တို့ကြေညာစရာတစ်ခုရှိပါတယ် ကျွန်တော်တို့ မိသားစုထဲကိုမိသားစုဝင်သစ်တစ်ယောက်မကြာခင် ​ရောက်ရှိလာပါတော့မ​​ယ်​​အောက်တို ဘာ ၂၂ ထိမစောင့်နိုင်တော့ရင် ဘာများဖြစ်မလဲ ပြောပြကြည့်ပါဦး။”ဆိုပြီး သူ့ရဲ့လူမှုကွန်​ယက်​စာမျက်​နှာမှာ ​ရေးသားထားတာပါ။

Rဇာနည်​နဲ့ ဝမ်းတို့အတွက်​ ဂုဏ်​ပြု​ပေးခဲ့ကြတဲ့ အနုပညာရှင်​များ

Rဇာနည်​နဲ့ ဝမ်းတို့ဇနီး​မောင်​နှံနှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှု​တွေနဲ့ ချစ်​ခြင်းတရား​တွေပြည့်​နှက်​​နေတဲ့ အိမ်​​ထောင်​​ရေးကို တည်​​ဆောက်​ထားတာ အခုဆိုရင်​ အိမ်​​ထောင်​သက်​တမ်း ၁၅နှစ်​​ကျော်​ရှိခဲ့ပါပြီ။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း မကြာခင်​ မိသားစုဝင်​အသစ်​ ထပ်​တိုးလာ​တော့မယ့်​ Rဇာနည်​နဲ့ ဝမ်းတို့ဇနီး​မောင်​နှံကို ဂုဏ်​ပြုစကား ဆိုခဲ့ကြပါဦး​နော်​။

Myint Myat
Source:Zarni Myo Nyunt’s Facebook

 

Loading...

Facebook Comments