လက်​ပံတန်းမြို့နယ် လက်​​ထောက်​ပညာ​ရေးမှူးတစ်ဦး အသတ်ခံရ

လက်ပံတန်း၊ ​အောက်​တိုဘာ ၁၅။

လက်​ပံတန်း မြို့ မီးရထား စက်​​ခေါင်းရုံ ​တောင်​ဘက်​​ရေစက်​အနီးတွင်​ လူတစ်​ဦး ဆိုင်​ကယ်​ ​ဘေးတွင်ေ​သွးထွက်ဒဏ်ရာများ​​​သေဆုံး​နေ​ကြောင်း ဘူတာရုံ မီးရထား စက်​​ခေါင်းလုံခြုံရေးဝန်​ထမ်းတစ်ဦးက ယနေ့နံနက်အစောပိုင်းတွင် သတင်းပေးပို့တိုင်ကြားသဖြင့် သွားရောက် စစ်ဆေးရာ လက်ထောက်မြို့နယ်ပညာရေးမှူးဖြစ်နေပြီး အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ယင်းမြို့နယ်မြို့မရဲစခန်းထံမှ သတင်းရရှိသည်​။

လက်​ပံတန်း မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် အခင်းဖြစ်​​နေရာအား ကြည့်​ရှုစစ်​​ဆေးရာ နံပါတ်​မပါ Honda Blade 110 အနက်​​ရောင်​ ဆိုင်​ကယ်​ အားရပ်​တန့်​ထားလျက်​ အမျိုးသားတစ်​ဦးမှာ ဆိုင်​ကယ်​ဘေးတွင်​ပက်​လက်​အ​နေအထားဖြင့်​လည်​ပင်း တွင်​ ပြတ်​ရှဒဏ်​ရာရရှိကာသေဆုံး​နေပြီး ၎င်းအနီးတွင်​ နိုင်​ငံသားစိစစ်​​ရေးကဒ်​ ယာဉ်​​မောင်းလိုင်​စင်​တို့်အား​တွေ့ရှိခဲ့သည်​။

အဆိုပါသက်သေခံကဒ်ပြားများအရ ​သေဆုံးသူမှာ လက်​ပံတန်း မြို့ နယ်​ ပညာ​ရေးမှူးရုံးမှ လက်​​ထောက်​ပညာ​ရေးမှုး အသက်​(၃၂)နှစ်​ရှိ ဦး​ကျော်​သန်းဆိုသူဖြစ်​ပြီး ဘန့်​​ဘွေးကုန်း​ကျေးရွာ ကညင်​တိုအုပ်​စု လက်​ပံတန်း မြို့နယ်​ ​နေထိုင်​သူဖြစ်​​ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်​။

အထက်ပါဖြစ်စဉ်အား လက်​ပံတန်းမြို့မရဲစခန်းမှ (ပ)၁၀၁၈/ ၂၀၁၈ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ အ​မှုဖွင့်ထား​ပြီး ကျူးလွန်​သူတရားခံအား အမြန်​ဆုံး​ပေါ်​ပေါက်​ရန်​မီးရထားရဲတပ်​ဖွဲ့နှင့်​ ပူး​ပေါင်း​ဆောင်​ရွက်​လျက်ရှိကြောင်း သတင်းရရှိသည်​။

တင်းနှင့်ဓာတ်ပုံ- ​ဝေဇင်​ကြည်​၊ ကိုလှိုင်​(​လေးမျက်​နှာ)
#BagoWeeklyJournal

Loading...

Facebook Comments