ကားထဲမှာ ဓာတ်ဆီနံ့ရလို့ ဆေးလိပ်သောက်ရင်းစစ်ဆေးရာ လူနဲ့ကားမီးလောင်

ကျောက်မဲ၊ အောက်တိုဘာ ၁၅

ကားထဲမှာ ဓာတ်ဆီနံ့ရလို့ ဆေးလိပ်သောက်နေရင်း ကားကိုစစ်ဆေးမိရာ ကားမီးလောင်ပြီး လူပါ မီးဟပ်ခံရတဲ့ ဖြစ်စဉ် ဒီကနေ့ ညနေ ၄ နာရီကျော်လောက်က ကျောက်မဲမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက်၉ နယ်မြေ ၇ မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လားရှို့မြို့နေသူ အမျိုးသားတစ်ဦးဟာ ရေသန့်ဘူး ၅ ဘူးနဲ့ ဓာတ်ဆီဝယ်ကာ ကားပေါ်သယ်ဆောင်လာခဲ့ကြောင်း၊ အခင်းဖြစ်နေရာအရောက်မှာ ကားပေါ်က ဓာတ်ဆီနံ့ရတာကြောင့် ရပ်တန့်ပြီး ဆေးလိပ်သောက်လျက်သားနဲ့ ကားအတွင်းစစ်ဆေးရာ ဆေးလိပ်မီးနဲ့ ဓာတ်ဆီငွေ့သွားတွေ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စစ်ဆေးရရှိချက်အပေါ်မူတည်ပြီး ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

မီးလောင်မှုကြောင့် သူ့ရဲ့မော်တော်ယာဉ် ဟာ အတွင်းပိုင်းကူရှင်တွေ မျက်နှာကျက်နဲ့ ဒတ်(ရှ်)ဘုတ် တို့ မီးလောင်ကျွမ်းခဲ့ကြောင်း ၊ သူကိုယ်တိုင်လည်း ၀ဲဘက်လက်ဖမိုး နဲ့ဆံပင်တွေ မီးဟပ်ခံခဲ့ရကြောင်း သိရပါတယ်။

လက်ရှိမှာ ဓာတ်ဆီတွေသယ်ဆောင်လာပါလျက် မဆင်မခြင်ဆေးလိပ်သောက်သုံးခဲ့သူအမျိုးသားကို (ပ)၄၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကျောက်မဲရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

PN

Loading...

Facebook Comments