နာမည်ခေါ်ပြီး အမျှဝေတဲ့အချိန် မျက်ရည်တွေ မထိန်းနိုင်ဖြစ်ခဲ့ရတဲ့ သက်မွန်မြင့်

သရုပ်ဆောင် သက်မွန်မြင့်ကတော့ အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ မင်းသွေး သေဆုံးသွားတာကို ယခုအချိန်ထိ ဝမ်းနည်းငိုကြွေးနေဆဲပါပဲ။ လူသာသေဆုံးသွားပေမယ့် နာမည်ကောင်းတွေနဲ့ ကျန်ရစ်ခဲ့ပြီး လူအများရဲ့ နှမြောတသ ဖြစ်ခြင်းကို ခံနေရတဲ့ မင်းသွေးတစ်ယောက် ကွယ်လွန်သွားခဲ့တာ ၁၂ ရက်ကျော်လာခဲ့ပါပြီ။

ယနေ့မှာတော့ နေတိုးအပါအဝင် သူငယ်ချင်းတစ်စုလုံး က ကွယ်လွန်သွားတဲ့ သရုပ်ဆောင်မင်းသွေးကိုရည်စူးပြီး ဘုန်းကြီးဝတ်ခဲ့ကြတာဖြစ်ပါတယ်။ မင်းသွေးကိုရည်စူးပြီးအမျှဝေတဲ့အချိန်မှာ သက်မွန်မြင့်တစ်ယောက် မထိန်းနိုင်ဘဲ မျက်ရည်တွေကျနေခဲ့တာဖြစ်ပါတယ်။

“သူတို့က တည်ငြိမ်နေတော့ ကိုယ်ထိန်းဖြစ်တယ်။ အမျှဝေတဲ့အချိန်ကျတော့ နာမည်ကြီး ခေါ်ပြီးအမျှဝေတော့ မခံနိုင်ဘူး။ သံယောဇဉ်ရှိပါတယ် နဂိုတည်းက ကိုယ်က သံယောဇဉ်ကြီးတဲ့သူဆိုတော့သူတို့နှစ်ယောက် နဲ့လည်းရင်းနှီးတယ် ချစ်တယ်လေ တကယ်လည်း ချစ်ပါတယ်။ မယုံဘူးပေါ့နော် ရုတ်တရက်ဆိုတော့။ ကိုယ့်ကိုလည်းထိန်းတယ် အလုပ်လည်းလုပ်နေတဲ့အခါကျတော့ ထိန်းတယ် အရီးတို့ဆီမှာလည်း သူတို့ ပိုဆိုးမှာစိုးလို့ ကိုယ်လည်း ထိန်းတယ် ဒါပေမယ့် အမျှဝေပြီးတော့ နာမည်ကြီးခေါ်တဲ့အချိန်မှာ မခံနိုင်တော့တာ” လို့ မျက်ရည်ကျမိတဲ့အကြောင်းလေးကို ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာတာဖြစ်ပါတယ်။We Love Cele

မှတ်ချက်-ဆယ်လီရပ်ကွက်အင်တာဗျူးမှဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Facebook Comments

Loading...

Facebook Comments