အောက်​တိုဘာ ၁၅ရက်​ မနက်​၈နာရီ ရေမဆေးသမား တဦး သေနတ်ပစ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းကြီး ကျေးရွာအနီး ကောင်းဆုရတနာ ကျောက်စိမ်းလုပ်ကွက်အတွင်း မှာ ဒီမနက် ၈:၁၅ နာရီချိန်ခန့်က ကျာက်စိမ်းဝင်ရောက်ရှာဖွေရန် ကြိုးစားသူ ရေမဆေးများအား လုပ်ကွက် လုံခြုံရေး ရဲများက ပစ်ခတ်တားဆီးရာမှ ရေမဆေးသမားတဦး သေနတ်ထိမှန်ခဲ့တယ်လို့ သိရပါတယ် ။

ဒဏ်ရာရှိသူဟာ မော်မောင်းဘွမ် ကျေးရွာက ဦးယောထုံရဲ့သား ဝခေါင်နွန်း အသက်(၁၉) လို့ သိရပါတယ် ။ သေနတ်ထိမှန်သူ ဝခေါင်နွန်းဟာ ပေါင်မှာ သေနတ်ထိမှန်ပြီး ခြေကျင်းဝတ်မှာ ကျောက်ခဲစတွေ ထိမှန်ခဲ့တယ်လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုခဲ့ပါတယ် ။အခြားရေမဆေးသမားတွေကို ထိခိုက်ဒဏ်ရာရှိတာ မရှိဘူးလို့လဲ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ် ။သေနတ်ထိမှန်သူ ကို ဖားကန့်ဆေးရုံကနေ မြစ်ကြီးနားဆေးရုံကို ကုမ္မဏီက တာဝန်ယူပို့ဆောင်ပေးဘို့ ပြင်ဆင်နေတယ်လို့လဲ ကုမ္မဏီတာဝန်ခံ ထံက သိရပါတယ် ။

ဇော်မိုးထက်( ဖားကန့် )

Loading...

Facebook Comments