ကနဦးသတင်း – အလုပ်သမားသပိတ်မှာ ကြေးစားလူမိုက်တွေ အကြမ်းဖက်ရိုက်နှက် ဖြိုခွဲနေပြီ

ဖုယွင်​အထည်​ချုပ်​စက်​ရုံ​နောက်​မှာ ဖွင့်​လှစ်​ထားတဲ့ အလုပ်​သမားသပိတ်​စခန်းမှာ ဆန္ဒပြ​နေစဉ်​အမည်​မသိလူတစ်​စုက တုတ်​၊ ထမင်းချိုင့်​​တွေနဲ့ ဝင်​​ရောက်​ရိုက်​နှက်​တာ​ကြောင့်​ လူ၂၀လောက်​ဆေးရုံ​ရောက်​ခဲ့တယ်​လို့ ဖုယွင်​အလုပ်​သမားအမှု​ဆောင်​ မသဇင်​နွယ်​က​ပြောပါတယ်။

“ညီမတို့ကငြိမ်းချမ်းစွာဆန္ဒပြ​နေတာ။ အမည်​မသိအမျိုးသား​တွေဝင်​ရိုက်​ကြတာ။ သပိတ်​ကလူ၂၀ကျော်ဒဏ်​ရာရတယ်​။ ​ခေါင်းကွဲ၊ လက်​ကျိုးဒဏ်​ရာ​တွေရကြတာ”လို့ မသဇင်​နွယ်​က​ပြောပါတယ်​။

လက်​ရှိမှာ အမည်​မသိလူတစ်​စုဝင်​​ရောက်​ရိုက်​နှက်တာခံခဲ့ရတဲ့ အလုပ်​သမားတွေကို သင်္ကန်းကျွန်း စံပြဆေးရုံကို အရေးပေါ် ပို့ဆောင်​ပေးထားပြီး ဓာတ်​မှန်​ရိုက်​ကာ ​ဆေးကုသမှုခံယူထား​ကြောင်း သူမက​ပြောပါတယ်​။

အဆိုပါကိစ္စရပ်​နဲ့ပတ်​သက်​ပြီး ဒဂုံဆိပ်​ကမ်းရဲစခန်းက သွား​ရောက်​စုံစမ်း​နေ​ကြောင်းနဲ့ ​လော​လောဆယ်​ ၉ဦး ​ဆေးရုံတင်​ထားရတယ်​လို့ သတင်းရထား​ကြောင်း တာဝန်​ကျရဲအရာရှိက​ပြောပါတယ်​။

ဒါ့အပြင်​ ရိုက်​နှက်​ခံရမှုနဲ့ပတ်​သက်​ပြီး အမှုဖွင့်​တိုင်​တန်းထားတာမျိုးမရှိ​သေး​ကြောင်းနဲ့ ရိုက်​နှက်​သူ​တွေဟာ မည်သည့်အတွက်ကြောင့်ရိုက်နှက်ရတယ်ဆိုတာနဲ့ပတ်​သက်​ပြီး ​ကောက်​ချက်​ချလို့မရ​သေးဘူးလို့ သူကဆိုပါတယ်။

“သတင်းသွားယူ​နေတယ်​။လော​လောဆည်​ အမှုဖွင့်​ထားတာမရှိသေးပါဘူး”လို့ ဒဂုံဆိပ်​ကမ်းရဲစခန်းရဲ့ တာဝန်​ကျရဲအရာရှိတစ်​ဦးကဆိုပါတယ်​။

ဖုယွင်​အလုပ်​သမားသပိတ်​စခန်းဖွင့်​လှစ်​ထားတာဟာ ယ​နေ့ဆိုရင်​ ၅၆ရက်​ရှိပြီဖြစ်​ပြီး သက်​ဆိုင်​ရာအာဏာပိုင်​​တွေထံ အလုပ်​သမားအဖွဲ့​တွေနဲ့ပူး​ပေါင်းပြီးဖုယွင်​အထည်​ချုပ်​စက်​ရုံက ထုတ်​ပယ်​ခံရတဲ့ အလုပ်​သမား၃၀ဦးကို အလုပ်​ပြန်​လည်​ခန့်​အပ်​​ပေးဖို့နဲ့ ​တောင်းဆိုချက်​၉ချက်လိုက်​​လျော​ပေးဖို့ မဟာဗန္ဓုလပန်းခြံ​က​နေ သိမ်​​ကြီး​ဈေးအထိ သုံးကြိမ်​လမ်း​လျောက်​ဆန္ဒပြ​တောင်းဆိုခဲ့ပြီးဖြစ်​ပါတယ်​။

သီဟ
Photo – KTH

Loading...

Facebook Comments